ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အဆောက်အဦ(မြေညီထပ်)အား မွမ်းမံပြင်ဆင်၍ အထူးကုဆေးခန်း ဆောင်ရွက်မည့် လုပ်ငန်းစဉ် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများနှင့်  ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးသွားနိုင်ရန်အတွက်  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံလမ်းရှိ တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အဆောက်အဦ (မြေညီထပ်)အား မွမ်းမံပြင်ဆင်၍ အထူးကုဆေးခန်းအဖြစ် ဆောင်ရွက်မည့် လုပ်ငန်းစဉ် ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၌ ပြုလုပ်သည်။ 
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်  နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့သည့်  အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားတက်ရောက်
၂၀၁၉ ခုနှစ်၊ အကြိမ်(၃၀)မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့သည့်  မြန်မာ့လက်ရွေးစင်ဘိလိယက်၊စနူကာ နှင့် (9 Ball) အားကစားသမား များအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ရန်ကုန်မြို့  ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ Park Royal Yangon ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ရန်ကုန် - မန္တလေး အမြန်လမ်း (ရန်ကုန် - နေပြည်တော်အပိုင်း) ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် တံတားများ၏ ကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်း (ရန်ကုန် - နေပြည်တော်အပိုင်း) ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်
“ဇီဝမျိုးစုံမျိုးကွဲ အဓွန့်ရှည်ဖို့ ရေဝပ်ဒေသတွေ ထိန်းသိမ်းစို့”ဆောင်ပုဒ်ဖြင့် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ မိုးယွန်းကြီးအပန်းဖြေစခန်း၌ ကျင်းပသည်။
ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း ကျောက်တန်းမြို့နယ်အတွင်းရှိ မဂ္ဂါဝပ် ၃၅၀ (LNG to Power) သီလဝါဓာတ်အားပေးစက်ရုံစီမံကိန်း ကြည့်ရှုစစ်ဆေး
၂၀၂၀ ပြည့်နှစ် နွေရာသီတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၌ မဂ္ဂါဝပ် ၃၅၀ (LNG to Power) သီလဝါဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဆောင်ရွက်နေမှုများကို ယမန်နေ့မွန်းလွဲပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကော့မှူးမြို့နယ် ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်းသူငယ်သင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းကျောင်းရှိ ကလေးသူငယ်များနှင့် လူငယ်များကို အားပေးစကားပြောကြားသည်။
စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)ဘားအံ တတိယအကြိမ် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်း
ကရင်ပြည်နယ်၊ ဘားအံမြို့၊ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)၏ တတိယအကြိမ် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို  ဖေဖေါ်ဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီခွဲက နည်းပညာအထက်တန်းကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။