ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၀) ပွဲတော်မုခ်ဦးနှင့် တိုင်းရင်းသားပြခန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ရန်ကုန်တိုင်းဒေသကြီး ကျိုက္ကဆံအားကစားကွင်း၌ကျင်းပရာ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အမှာစကားပြောကြားသည်။