စေတုတ္တရာမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတထိန်းသိမ်းရေး ပညာပေးဟောပြော
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးအုံကျေးရွာရှိ ရွာလယ်စုရပ်ဆောင်တွင် ယနေ့ နံနက် ၉ နာရီက ငါးသယံဇာတထိန်းသိမ်းရေးပညာပေး ဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရသည်။








