ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တောင်တွင်းကြီးမြို့၊ တောင်ပြင်(၂) မူလတန်းကြိုကျောင်းဖွင့်ပွဲတွင် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန၏ ရန်ပုံငွေဖြင့် တည်ဆောက်ထားသော တောင်ပြင်(၂) မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့၌ ကျင်းပသည်။