COVID-19 ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မော်လမြိုင်မြို့တွင် လူမှုဖူလုံရေးထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀%)ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးလျက်ရှိ

COVID-19 ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယာယီရပ်နားခဲ့ရသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်(၄၀%)ရာခိုင်နှုန်း ထုတ်ပေးခြင်းကို ဇွန်လ(၂)ရက်၊ နံနက်(၁၀)နာရီတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်လူမှုဖူလုံရေးရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရပါသည်။
မိုးဦးကာလ ရေယာဉ်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ရေလမ်း သတိပေး နှိုးဆော်ချက် ထုတ်ပြန်
မြန်မာနိုင်ငံရှိ မြစ်များတွင်  မုတ်သုန်ရာသီအစ  မိုးဦးကာလ၌  မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်းနှင့်အတူ မြစ်ရေ မြင့်တက်လာမည် ဖြစ်ပါသည်။ မြစ်ရေ တက်လာမှုပေါ် မူတည်၍  ရေယာဉ်များ  အန္တရာယ်ကင်းစွာ  ခုတ်မောင်းသွားလာနိုင်ရန်  လိုအပ်သော   ရေလမ်းညွှန် အမှတ်အသားများကို ပြသထားမည်ဖြစ်၍  အလေးထား  လိုက်နာကြရန် လိုအပ်ပါသည်။  ရာသီဥတု ဒဏ်ကြောင့် ရေလမ်းညွှန်အမှတ်အသားများ တစ်ခါတစ်ရံပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များ ဂရုပြုခုတ်မောင်းကြရန်  လိုအပ်
အသေးစားဓာတ်အားစနစ် ဖွံ့ဖြိုးရေးကို အဓိကထားသည့် Smart Power Myanmar စီမံကိန်း ဆောင်ရွက်မည်
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Pact Myanmar အဖွဲ့တို့ ပူးပေါင်း၍ ကျေးလက်ဒေသများ အသေးစားဓာတ်အားစနစ် ဖွံ့ဖြိုးရေးကို အဓိကထားသည့် Smart Power Myanmar စီမံကိန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ
ဆောမြို့နယ်  လောင်းရှည်ဒေသ၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် လောင်းရှည်ဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်စေရေးအတွက် ဇွန် ၁ ရက်နေ့က လောင်းရှည်ဒေသ လင်းတကျင်း ကျေးရွာ၊ ပေါက်ချောင်းကျေးရွာ၊ ပုလဲကျေးရွာ၊ နှီးကျေးရွာရှိ ကျောင်းသား ကျောင်းသူ ကလေးသူငယ်များနှင့် ကျေးရွာနေ မိဘပြည်သူများကို အသိပညာပေးလုပ်ငန်းများနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေလှူဒါန်းခဲ့ကြ
ချီဖွေမြို့နယ်တွင် အခြေခံပညာကျောင်း (၇၃) ကျောင်းအား ကျောင်းသုံးဗလာစာအုပ်(၂၅၂၁) ဒါဇင်နှင့် ပုံနှိပ်စာအုပ်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်းအခြေခံပညာကျောင်း(၇၃) ကျောင်းအား ကျောင်းသုံး ဗလာစာအုပ် ၂၅၂၁ ဒါဇင်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ(၅၂၂၄)အုပ် ထုတ်ဝေပေးခြင်းကို  မေ ၂၈ ရက်မှ စတင်ကာ ချီဖွေမြို့နယ် အထက ကျောင်း၌ ထုတ်ဝေပေးလျက်ရှိကြောင်း သိရ
ဒလမြို့နယ်ရှိ စုရပ် (၈၉) ခု တို့တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်များ ဆောင်ရွက်ပေး
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် အစီအစဉ်ကို ဧပြီလ (၁) ရက်နေ့မှ စတင်ကာ ယာယီရပ်ဆိုင်းထားခဲ့ရာမှ ဧပြီလ နှင့် မေလတွင် ဆေးမထိုးနှံခဲ့ရသည့် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ဇွန်လ(၁) ရက်နေ့မှ စတင်ပြီး ဒေသန္တရကျန်းမာရေးဌာနများ၊ ကျေးလက် ကျန်းမာရေးဌာနများ၊ ရပ်ကွက်နှင့်ကျေးရွာများတွင် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက စက်မြေရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား ထားရှိခဲ့သည့် Quarantine အဆောက်အအုံအား ပိုးသတ်ဆေးဖျန်း
ချင်းပြည်နယ် တွန်းဇံမြို့၌ ပြည်ပပြန်များအတွက် Community Based Facility Quarantine ဖွင့်လှစ်ထားသည့် အဆောက်အဦးအား ပိုးသတ်ဆေး ဖျန်းပေးခြင်းလုပ်ငန်းကို ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ဆောင်ရွက်ခဲ့သည်။