လှိုင်းဘွဲမြို့နယ်တွင် ငါးရစ်ချောင်းဖျားကျေးရွာ၌ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပြီးစီး

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ် စက်ဝန်း) ပိန္နဲတော ကျေးရွာအုပ်စု ငရစ်ချောင်းဖျားကျေးရွာ RC ကွန်ကရစ်တံတား (၄၀ပေ x ၁၆ပေ x ၁၄ပေ)ကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် ၃၉,၉၀ဝ,ဝ၀ဝ ဖြင့် ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် စတင် အကောင်အထည်ဖာ် ဆောင်ရွက်ခဲ့ရာ ၂၀၂၀ခုနှစ် မေလ ၁၂ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ၂၀၂၀ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် စတင်သွားလာခွင့်ရပြီးဖြစ်ကြောင်း သိရ
မိုင်းယုမြို့၌ အသက်(၁)နှစ်အောက် ကလေးငယ် ၈၉ ဦးကို ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး/ ထိုးနှံနိုင်ခဲ့
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် အသက်(၁)နှစ်အောက် ကလေး ငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/တိုက်ခြင်း အစီစဉ်ကို ဇွန် ၂ ရက်နေ့နှင့် ၃ ရက်နေ့အထိ ပြည်သူ့ ဆေးရုံတွင် အပြီးတိုက်ကျွေး/ထိုးနှံခဲ့ရာ ကလေးငယ် စုစုပေါင်း ၈၉ ဦးကို တိုက်ကျွေး/ထိုးနှံနိုင်ခဲ့
ပုသိမ်မြို့ရှိ ဟိုတယ်နှင့် တည်းခိုခန်းများ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး လိုက်လံ စစ်ဆေး
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့တွင် ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းဦးဆောင်၍ ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် ဇွန် ၂ ရက်နေ့ ညပိုင်းကပုသိမ်မြို့ပေါ်ရှိ ဟိုတယ်၊တည်ခိုခန်း၊ မိုတယ်၊Inn တည်ခိုခန်းများကို လိုက်လံစစ်ဆေးခဲ့
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင် စားသောက် ရောင်းချခွင့်ကို စည်းကမ်းနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး စစ်ဆေး
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် (၁၉)ဆိုင်မှ တာဝန်ခံများကို ခေါ်ယူကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိစေရေးတို့အတွက် ထပ်မံအသိပေးခြင်းကို ဆောင်ရွက်
တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ မြိတ်မြို့ရှိ ဆရာတော်ကြီးများအား ဆွမ်းဆန်တော်နှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်း
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇွန်လ(၂)ရက် ညနေ(၄) နာရီက မော်တောင်ပရိယတ္တိစာသင်တိုက်တွင် ဆရာတော်ကြီးများထံမှ ဩဝါဒများခံယူပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့
ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက် ပေးမှု လုပ်ငန်းများဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို လစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက ကျေးလက်ကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရ