နိုင်ငံခြားရေးဝန်ကြီးဌာနသို့ Huawei Technologies (Yangon) Co. Ltd မှ နှာခေါင်းစည်း (Face Mask) များ လာရောက်လှူဒါန်း

ထားဝယ်မြို့၌ ရာဘာသစ်ပေါင်းစက်ရုံအာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေး ထောက်ပံ့ငွေများ ပေးအပ်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ခေတ္တပိတ်သိမ်းထားသော စက်ရုံ၊ အလုပ်ရုံများအနက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက စစ်ဆေး၍ ညွှန်ကြားချက်များနှင့်ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံများအား မေလ ၂ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးခဲ့
ကိုဗစ်-၁၉ ရောဂါမပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ သတင်းစကား လက်ကမ်းစာစောင်များကို မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ် ၂ တွင် ဖြန့်ဝေ
ကရင်ပြည်နယ် မြဝတီမြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်-၂ တံတားတွင် မေလ ၁ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လက်ခံလျက်ရှိရာ ပြန်လည်ဝင်ရောက်လာသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက်  ယနေ့  နံနက်   ၇ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် “Covid-19 မပြန်ပွားဖို့ မိမိကစ၍ ကာကွယ်ကြပါစို့”သတင်းစကား လက်ကမ်းစာ စောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့
ကလေးမြို့နယ်တွင် စေတနာဝန်ထမ်းများအား မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့၊ စေတနာ့ဝန်ထမ်း Volunteer များပူးပေါင်း၍ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်းရှိ စေတနာ့ ဝန်ထမ်းများအား  မြို့နယ်အဆင့် ဆင့်ပွားသင်တန်းပေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်