ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဒါနလှူဒါန်း

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ‌ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဒါနလှူဒါန်းမှုကို အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ညွန့်ဝင်းဆွေ က ယနေ့နံနက်ပိုင်းက  အဆိုပါ ပြည်သူ့ဆေးရုံရှိ ဒေါ်သန်းတင်ခန်းမဆောင်၌ လှူဒါန်းခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးနိုင်သည့်စက် တပ်ဆင်မည့်နေရာအား ကွင်းဆင်း ကြည့်ရှု
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် သည် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၊ ကုတင်(၅၀ဝ)ဆံ့ အဆောက်အအုံတွင် ရောဂါပိုးစစ်ဆေးနိုင်သည့်စက် တပ်ဆင်ထားရှိမည့်နေရာအား ယနေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှု
ရေကြည်မြို့နယ် မြို့မဈေးတွင် ပြန်လည်လျှော်ဖွပ် အသုံးပြုနိုင်သော အဝတ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ် တားဆီးရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ
ဓနုဖြူ - ရန်ကုန် မော်တော်ယာဉ်လိုင်းများ ယနေ့နံနက်ပိုင်းမှ စတင်ကာ သတ်မှတ်စည်းကမ်းနှင့်အညီ ပြန်လည်ပြေးဆွဲ
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်တွင် ဓနုဖြူ - ရန်ကုန် မော်တော်ယာဉ်လိုင်းကို ဇွန် ၂ ရက်နေ့ မှစတင်၍ သတ်မှတ်စည်းကမ်းနှင့်အညီ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်များရှိ ကလေး(၅၀၀)ကျော်အား ကာကွယ်ဆေးထိုးနှံပေး
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့ မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်ရှိ ကလေး (၅၀၀) ကျော်အား မိခင်နှင့် ကလေးစောင့်ရှောက်ရေးရုံးတွင် ဇွန်လ(၁)ရက်နေ့မှစ၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။