စာကြည့်တိုက်နှင့် ဝေးကွာသည့်နေရာများမှ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ဗဟုသုတ တိုးပွားရရှိစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Mobile Library စနစ်ဖြင့် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းများအား စာအုပ်များ အခမဲ့ငှားရမ်းခြင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။