စေတနာရှင်များစုပေါင်း၍ ချို့တဲ့ပြည်သူ(၁၈၂)ဦးအား ဆန်၊ ဆီ၊ အခြားစားသုံးကုန် ပစ္စည်းများနှင့် နှာခေါင်းစည်းများ လှူဒါန်း

မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ကျန်းမာ ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် စေတနာရှင်ပြည်သူများ စုပေါင်း၍ မြို့ပေါ်ရှိ ချို့တဲ့ပြည်သူ(၁၈၂)ဦးအား ဆန်၊ ဆီ၊ အခြားစားသုံးကုန်ပစ္စည်းများနှင့် နှာခေါင်းစည်းများ လှူဒါန်းခြင်းကို မေလ(၁၇)ရက်နေ့ နံနက်(၈)နာရီခွဲက ဇေယျဝတီရပ်ကွက် ပြည်လမ်း ဂန္တဝင်သစ် ကားဂိတ်ရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရ
ဧရာဝတီ တိုင်းဒေသကြီး အတွင်းပြေးဆွဲနေသောမော်တော်ယာဉ်လိုင်များ စတင်ပြေးဆွဲ
ဧရာဝတီ တိုင်းဒေသကြီး အတွင်းပြေဆွဲနေသော မော်ယာဉ်လိုင်းများအားလုံးကို ကိုဗစ် -၁၉ ရောဂါကူးစက်မှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မေလ ၁၅ ရက်နေ့အထိ ယာယီရပ်နား ခဲ့ရ
ဖွံ့ဖြိုးဝေစည် တို့ရှမ်းပြည်

ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ရေရှားပါးသော ကျေးလက်ဒေသများသို့ သောက်သုံးရေဂါလန်(၄၂၀ဝ) သွားရောက်လှူဒါန်း
ပူပြင်းခြောက်သွေ့သော နွေရာသီ အပူဒဏ်ကြောင့် ရေတွင်း၊ ရေကန်များတွင် ရေများ ခန်းခြောက်လာသဖြင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော ကျေးရွာများသို့ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မုဒိတာ လူမှုကူညီရေးအသင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မေ ၁၆ ရက်နေ့တွင် ကွမ်းခြံကုန်းမြို့နယ်မှ ၁၈မိုင်ခန့် ဝေးကွာသော ကြခတ်ကုန်းကြီးကျေးရွာသို့ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရ
လှိုင်းဘွဲမြို့နယ်အတွင်း‌ ရေရှားပါးပြတ်လပ်သည့် ကျေးရွာများသို့ သောက်သုံးဂါလန် (၄၄၀ဝ) လှူဒါန်းပေးမှုအား ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ကြည့်ရှု
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် နှစ်စဉ်နွေရာသီရောက်တိုင်း အပူရှိန်မြင့်မားမှုကြောင့် သောက်သုံးရေများ ရှားပါးပြတ်လပ်မှု ကြုံတွေ့နေရသည့်ကျေးရွာများသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကျေးရွာများအရောက် သောက်သုံးရေများ သွားရောက် လှူဒါန်းပေးမှုများကို ယမန်နေ့က ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင် သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရ
မြေငလျင်သတင်းထုတ်ပြန်ခြင်း

 

တိုင်းဒေသကြီး/ပြည်နယ် အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ
မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများနှင့် မိုးသီးကြွေကျမှုများ ဖြစ်ပွားလျက်ရှိရာ