မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရာတွင် အသုံးပြုနိုင်ရန်အတွက် PPEဝတ်စုံပြည့်များ၊ ပိုးသတ်ဆေးများနှင့် ဆေးပစ္စည်းများ ဒုတိယအကြိမ်ရောက်ရှိ

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် အတွက် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ကုလသမဂ္ဂကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ စီမံခန့်ခွဲမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရာတွင် အသုံးပြုနိုင်ရန်အတွက် PPEဝတ်စုံပြည့်များ၊ ပိုးသတ်ဆေး များနှင့် ဆေးပစ္စည်းများ ဒုတိယအကြိမ်ကို ယနေ့ နံနက် ဝ၉၅၅ နာရီတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထူးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။
ဒေးဒရဲမြို့နယ်တွင် မေ ၁၈ ရက်မှ စတင်ကာ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်

သက်တန့်ရောင် လယ်ယာအထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်းလီမိတက်မှ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ကာလိမြို့၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းစက် ယာဉ်ငယ်(၂)စီးဖြင့် ပက်ဖျန်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် လွိုင်မွန်းကုမ္ပဏီမှ ပိုးသတ်ဆေးဖျန်းစက် ယာဉ်ငယ်(၂)စီးဖြင့် ကူညီပံ့ပိုးပေးပြီး ယနေ့ နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးများ ပက်ဖျန်းပေးခဲ့ကြောင်း သိရ
လမ်းမတော်မြို့နယ်ရှိ သူနာပြုတက္ကသိုလ် လေးထပ်ဆောင် ပြိုကျမှုဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊အမှတ် ၉ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ သူနာပြု တက္ကသိုလ် လေးထပ်ဆောင် အသစ်အရှေ့မျက်နှာများ အကြီးစားပြိုကျမှု ယနေ့မွန်းတည့် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့
မလှိုင်မြို့လှိုင်ရွှေဝါ မော်တော်ယာဉ်အသင်းမှ ခရီးသည်တင်ယာဉ်လိုင်းများ ပြန်လည် ပြေးဆွဲ
မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့   လှိုင်ရွှေဝါမော်တော်ယာဉ်အသင်းမှ ပြေးဆွဲနေသော   မလှိုင်-မိတ္ထီလာ  ၊  မလှိုင် -မန္တလေး၊  ခရီးသည်တင်ယာဉ်လိုင်းများကို မေ ၁၆ ရက် နေ့နံနက်ပိုင်းမှ စတင် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရ
ကျောင်းကုန်းမြို့နယ် ငါးလုပ်ငန်းကြီးကြပ်ရေးကော်မတီ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ငါးလုပ်ငန်းကြီးကြပ်ရေးကော်မတီ အစည်းအဝေး(၁/၂၀၂၀)ကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့