ချင်းရွှေဟော်မှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ လွှဲပြောင်းပို့ဆောင်မည့် နေရပ်ပြန် ပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

ချင်းရွှေဟော်  နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသော  တရုတ်နိုင်ငံမှပြန်လာသည့်   မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများကို ကျန်းမာရေးစစ်ဆေးပေးပြီး ချင်းရွှေဟော်မြို့မှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီခွဲက အမျိုးသား (၁၉၃) ဉီး နှင့်  အမျိုးသမီး (၁၆၆) ဉီး၊  စုစုပေါင်းနေရပ်ပြန်ပြည်သူ (၃၅၉) ဉီး တို့အား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ ဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များမှ နှာခေါင်းစည်း (Mask) များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဟိုင်းကြီးကျွန်းမြို့တွင် နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်းများ တပ်ဆင်ကြရန် အသိပညာပေး 
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့တွင် အပြင်ထွက်သည့် အခါတိုင်း Mask များ တပ်ဆင်သွားလာကြစေရန် နှိုးဆော်ခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများတွင် လုပ်သားအင်အားများ လိုအပ်လျက်ရှိကြောင်း အသိပေးနှိုးဆော်ချက်
2020
ကမ္ဘောဇဘဏ်မှ National Health Laboratory တွင် အရေးပေါ်လိုအပ်နေသော ၅၀၀ kVA မီးစက်နှင့် ဆက်စပ်ပစ္စည်းများလှူဒါန်း
ကမ္ဘောဇဘဏ်သည် Covid-19 ရောဂါကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် National Health Laboratory တွင် အရေးပေါ်လိုအပ်နေသော ၅၀၀ kVA မီးစက်နှင့် ဆက်စပ်ပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ယနေ့တွင် သွားရောက် လှူဒါန်းသည်။
မြန်မာနိုင်ငံရှိ မလေးရှားနိုင်ငံ လုပ်ငန်းရှင်များမှ ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီရေးအဖွဲ့ ကွပ်ကဲရေးစခန်းသို့ နှာခေါင်းစည်း၊ PPE ၀တ်စုံ၊ မျက်နှာအကာအကွယ်များ လှူဒါန်း    
ယနေ့နံနက် ၉ နာရီက မြန်မာနိုင်ငံရှိ မလေးရှားနိုင်ငံ လုပ်ငန်းရှင်များမှ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူ လက်ဝှေ့အားကစားရုံ၌ ဖွင့်လှစ်ထားသည့် ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီရေးအဖွဲ့ Special Rescue Team ကွပ်ကဲရေးစခန်းသို့ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြရန် နှာခေါင်းစည်းများ၊ PPE ၀တ်စုံများ မျက်နှာ အကာအကွယ်များကို ပေးအပ်လှူဒါန်းခဲ့သည်။ 
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊သီရိမာလာငါးဈေးရှိ လမ်းပေါ်တွင်ခင်းကျင်းရောင်းချနေသည့် ဈေးသည်များကိုစည်ပင်သာယာရေးကော်မတီမှ ရှင်းလင်းနေ
2005
ထိုင်းနိုင်ငံမှ မြန်မာလုပ်သားများ မြဝတီချစ်ကြည်ရေးအမှတ် ၂ တံတားမှ မေ ၁၆ ရက်တွင်  ၇၆ ဦးဆက်လက် ဝင်ရောက်
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံမှ မေ ၁ ရက်မှ စပြီး လက်ခံခဲ့ရာ  မေ ၁၆ ရက်တွင် မြဝတီအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၇၆ ဦး ပြန်လည်ဝင်ရောက်လာ