အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း (၅၀၀၀) ခု နှင့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်း

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် လိုအပ်သည်များ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း (၅၀၀၀)ခုနှင့် ဆေးရုံသုံး ပစ္စည်းများ လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့သည်။
ပခုက္ကူ မီးရထားဘူတာမှ ပြေးဆွဲနေသည့် ရထားခရီးစဉ်များ မေ ၃၁ ရက်အထိ ရပ်နားထားမည်
ပခုက္ကူမြို့၊ မြန်မာ့မီးရထား၊ ပခုက္ကူဘူတာမှ အခြေစိုက်ပြေးဆွဲနေသည့် လမ်းကြောင်း (၄)ခုကို မေ ၃၁ ရက်နေ့အထိ ပြေးဆွဲခြင်း ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၁၁၄)ဦး မြိတ်မြို့နယ်မှတစ်ဆင့် ထားဝယ်မြို့သို့ရောက်ရှိ 
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီးနောက် ပြစ်ဒဏ်ကာလ ကုန်ဆုံးပြီးဖြစ်သော တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ နေရပ်ပြန်ပြည်သူ (၁၁၄)ဦးသည် မြိတ်မြို့နယ်မှတစ်ဆင့် မော်တော်ယာဉ် (၁၀)စီးဖြင့် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ ယနေ့ ညနေပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။ 
ရေရှားပါးသည့် ရပ်ကွက်နေပြည်သူများသို့ သောက်ရေ၊ သုံးရေများလှူဒါန်း
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် အုန်းတော(၂)ရပ်ကွက်၊ အပိုင်း(၄)နေ ပြည်သူများ သောက်သုံးရေ အခက်အခဲ မဖြစ်စေရေးအတွက် ယနေ့ ညနေ ၄ နာရီက သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဘောလခဲရှိ ရဲမှုထမ်းဟောင်းများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်
ဘောလခဲခရိုင် ရဲတပ်ဖွဲ့ရုံးရှိ ရဲမှုထမ်းဟောင်း (၁၁) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာလအတွင်း စားသုံးရန်အတွက် ဆန် (၂) အိတ်၊  (၁၅) ပြည်၊ ဆီ ၃ ဒသမ  ၅၂ ပိဿာ၊ ဆား ၃ ဒသမ ၀၈ ပိဿာ၊ ကုလားပဲ ၅ ဒသမ ၂၈  ပိဿာတို့အား ဘောလခဲမြို့မှ စစ်ဗျူဟာမှူးက ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘောလခဲခရိုင် ရဲတပ်ဖွဲ့မှူး ယာယီ ဒုတိယရဲမှူးကြီး စောမောရှည်မှ မာမီးဆီချက် ခေါက်ဆွဲ (၁)ဖာစီအား ယနေ့ နံနက် ၉ နာရီက ထောက်ပံပေးအပ်ခဲ့ ကြောင်း သိရသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ရဲမှုထမ်းဟောင်းများအား ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ (၄) မယ် ထောက်ပံ့ပေးအပ်
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သွားလာမှု ကန့်သတ်ချက်များ ရှိလာသဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ရဲမှုထမ်းဟောင်းများ စားသောက်ရေး အခက်အခဲမရှိစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ(၄)မယ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌ ပြုလုပ်သည်။
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု  ဇီးတောဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်လျက်ရှိ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဆည်ရေသောက်စနစ်များ ရေရှည်တည်တံ့ပြီး အကျိုးပြုနိုင်စေရေးအတွက် ပြန်လည်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေဖြင့်လည်းကောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ၏ ချေးငွေ၊ ထောက်ပံ့ငွေ အကူအညီများရယူ၍ လည်းကောင်း လျာထားစီမံ ဆောင်ရွက်လျက်ရှိသည်။