မလေးရှားမှ ပြန်လည်ဝင်ရောက်လာသည့် ၂၄ ဦး၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးနိုင်ရေးဆောင်ရွက်

မကွေးပညာရေးကောလိပ်တွင် Quarantine ထားရှိသော မလေးရှားမှ ပြန်လည်ဝင်ရောက်လာသည့် ၂၄ ဦးသည်  ကိုဗစ်-၁၉ ရောဂါ လူနာအမှတ် Case-182 နှင့် လေယာဉ်အတူစီးခဲ့ဖူးသဖြင့်  ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိကို သိနိုင်ရန် မကွေးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက ၎င်းတို့၏ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များ ရယူ၍ စစ်ဆေးဆောင်ရွက်နိုင်ရန် ယနေ့ နံနက်ပိုင်း က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်သည့် ဒုတိယသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ 
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်သည့် ဒုတိယသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
NCA လက်မှတ်ရေးထိုးထားသော (NMSP) (မွန်) အဖွဲ့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်း

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကချင်ပြည်နယ်အတွင်းရှိ လမ်း၊ တံတား ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လုပ်ငန်း ဆောင်ရွက်နေမှုနှင့် တိုးတက်မှုတို့ကို Video  Conferencing ဖြင့် ချိတ်ဆက်၍ ကြည့်ရှုစစ်ဆေး

ကိုဗစ်-၁၉ ကာလ ပြေးဆွဲနေသော မြို့ပတ်ရထားများ မေလ ၁၈ ရက်မှစတင်၍ ရုံးချိန်ရထား ထပ်မံတိုးချဲ့ပြေးဆွဲမည်

ဓနုဖြူမြို့နယ် အင်္ဂလာမြောက်ကျေးရွာ၌ ကျေးရွာခြင်းဆက် ကွန်ကရစ်တံတား တည်‌ဆောက်နေမှု ကြည့်ရှုစစ်ဆေး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် အင်္ဂလာကျေးရွာအုပ်စု၊ အင်္ဂလာမြောက် ကျေးရွာ၌ ကျေးရွာခြင်းဆက် ကွန်ကရစ်တံတား တည်ဆောက်နေမှု အခြေအနေများကို ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သောက်သုံးရေအခက်အခဲဖြစ်နေသော ညောင်လယ်ကျေးရွာသို့ ရေဂါလန် ၁၈၀၀ လှူဒါန်း
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း မိုးရွာသွန်းမှုနည်းပါးသဖြင့် ညောင်လယ်ကျေးရွာတွင် သောက်သုံးရေ အခက်အခဲဖြစ်နေသောကြောင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့ နံနက် ၁၁ နာရီတွင် သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့သည်။