နွေရာသီကာလသောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရေရရှိရေးလုပ်ငန်း ၄၅ ခု ဆောင်ရွက်လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်း မြို့နယ် ခြောက်မြို့နယ်ရှိ ကျေးရွာများတွင် နွေရာသီကာလ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် ရေရရှိရေးလုပ်ငန်း ၄၅ ခုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း ၄၂၃ ဒဿမ ၃၉ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။
ချောင်းဦးမြို့နယ် ပေါက်အင်းအတွင်း မြစ်ရေဝင်ရောက်မှုနည်းခြင်းကြောင့် ငါးအထွက်နှုန်း သုံးချိုးနှစ်ချိုးခန့်ကျဆင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိ ပေါက်အင်းသည် ယခုနှစ်မိုးရာသီ၌ ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုနည်းပါးခဲ့ရာ ငါးအထွက်နှုန်းသည် ယခင်နှစ်များထက် သုံးချိုးနှစ်ချိုးခန့် ကျဆင်းခဲ့သဖြင့် အင်းတောင်သူများ အရှုံးပေါ်လျက်ရှိကြောင်း ပေါက်အင်းတာဝန်ခံ ဦးအောင်သိုက်၏ ပြောကြားချက်အရ သိရသည်။
ကော့မှူးအထကကျောင်းတွင် စာပေဟောပြောပွဲကျင်းပ
(၁၅)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အထိမ်းအမှတ် သုတပညာပေး စာပေဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အထကကော့မှူး၌ ယမန်နေ့ ည၇နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကျေးလက်ရေရရှိရေးလုပ်ငန်းဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဆူးပဒေါင်းကျေးရွာအုပ်စု၊ ကျောက်ဆုံကျေးရွာတွင် သောက်သုံးရေရရှိရေး ရေစုကန်၊ အင်ဂျင်ပန့်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို .................
ချောင်းဦးမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲ
၂၀၁၉ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲများကို မြန်မာနိုင်ငံနေရာအနှံအပြားတွင် ကျင်းပခဲ့ကြသည်။
ပဲခူးမြို့တွင် ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို) (၇)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကျင်းပ
ပဲခူးမြို့ ဆယ်မိုင်ကုန်းဓမ္မဒူတတောရ သာသနာ့ရိပ်၊ ဓမ္မဒူတဗုဒ္ဓတက္ကသိုလ် ရွှေရတုဗိမာန်တော်ကြီးရှေ့တွင် ယနေ့နံနက်ပိုင်းက ကျင်းပသော ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)(၇)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ဓမ္မစကူးလ်ဗဟိုနှင့် တိုင်း၊ ပြည်နယ်၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီများ တွေ့ဆုံပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း တက်ရောက်ပူဇော်ခဲ့ကြောင်း သိရသည်။