မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်၀န်းကျင် စိမ်းလန်းစိုပြေရေးကို အထောက်အပံ့ဖြစ်စေရန်၊ သဘာ၀ပတ်၀န်းကျင် ထိခိုက်ပျက်ဆီးမှု လျော့နည်းပပျောက်စေရန်၊ ပြည်သူလူထုအတွင်း သစ်တောသစ်ပင် ချစ်ခင်မြတ်နိုးစိတ်များ ဖြစ်ပေါ်လာစေရန်အတွက် မိုးရာသီစိုက်ပျိုးရန် ပျိုးပင်ပေါင်း ၈၆၀၄၀၀ အား ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။