မော်လိုက်မြို့၌ ပထမဦးဆုံးအကြိမ် ကျွဲနွားဈေးပွဲ ဖွင့်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ပထမဦးဆုံးအကြိမ်ဖွင့်လှစ်သည့် ကျွဲနွားဈေးပွဲ ဖွင့်ပွဲကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီက မော်လိုက်မြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။