တိုင်းရင်းသားဘာသာစာပေများဖြင့် ကံမမြို့နယ် အခြေခံပညာကျောင်းများတွင် စာဖတ်ဝိုင်းနှင့် အသိပညာပေး ဟောပြောပွဲဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကလေးများ စာဖတ်သည့်အလေ့အထ စွဲမြဲစေရန်နှင့် စာဖတ်စွမ်းရည်တိုးတက်လာစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ်က မင်းကုန်း (မူလွန်)ကျောင်းသို့ သွားရောက်၍ စာဖတ်ဝိုင်း ၊ ဟောပြောပွဲ နှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့သည်။