တိုက်ကြီးမြို့နယ် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင်  မေ ၃ ရက်က မိုးသည်းထန်စွာသွန်းပြီး‌ လေပြင်းတိုက်ခတ်မှု‌‌ကြောင့် ကျေးရွာ ၅ ရွာမှ အိမ်‌ခြေ (၁၂)လုံးရှိ လေဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးထောက်ပံ့ငွေများကို ယနေ့ နံနက်က ထောက်ပံ့ပေးအပ် ခဲ့ကြောင်း မရမ်းကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ လွှဲပြောင်းပို့ဆောင်ပေးခဲ့သော နေရပ်ပြန်ပြည်သူ (၁၅၇၉)ဦးရှိ
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိသည်။ 
နေပြည်တော် မြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဗီနိုင်းပိုစတာများ ချိတ်ဆွဲ၍ လက်ကမ်းစာစောင် ဖြန့်ဝေ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး ဗီနိုင်းပိုစတာများကပ်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်ကိုင်အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာ ပေးခြင်းလုပ်ငန်းများကို ယနေ့ညနေ (၅) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့မဈေးစည်ပင်မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဇေယျာသိဒ္ဓိရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများလှူဒါန်း
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ဦးဆောင်ကာ ပိုးလမ်းမတစ်လျှောက် အရပ်ဖက်အဖွဲ့အစည်းများ လက်တွဲပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် တစ်ကိုယ်ရေကာကွယ်ရေး ဝတ်စုံ(PPE)နှင့် နှာခေါင်းစည်း အပါအဝင် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနသို့ လှူဒါန်းသည့် အစီအစဉ်ကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂) ၌ ပြုလုပ်သည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ အစိုးရကိုယ်စားလှယ်များနှင့် NCA-S EAO ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၊ မေ (၈) တွင် နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံနိုင်ရန်စီစဉ်လျက်ရှိ
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ညှိနှိုင်း ပူးပေါင်းရေးကော်မတီနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ကျင်းပသည်။ 
ရခိုင်ပြည်နယ်ရှိ IDPs စခန်းများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်ရှိ IDPs စခန်းများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပြည်သူများအတွက် ကမ္ဘောဇဘဏ်က ဆန်အိတ် ၁၀၀၀ လှူဒါန်း