မိုင်းဆတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့တွင်းတည်ဆောက်ရေးလုပ်ငန်း များနှင့် ကျေးရွာကျောက်လမ်းခင်းခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ပလက်ဝမြို့နယ်နှင့် ဆမီးမြို့များရှိ တိုက်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာဝယ်ယူနိုင်ရန် ငွေကျပ် ၁၂၇၉.၃၇၁ သိန်း ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဆမီးမြို့များရှိ တိုက်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာများ ဝယ်ယူနိုင်ရန်အတွက် ငွေကျပ် ၁၂၇၉.၃၇၁ သိန်း တတိယအကြိမ် ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန် မုဒုံမြို့နယ် ဆံတော်ရှင်ကန်ကြီး စေတီတော် ပရဝုဏ်အတွင်း နှစ်စဉ်ကျင်းပသည့် “ ဗုဒ္ဓနေ့” အခမ်းအနားကျင်းပခြင်းမရှိ
မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်ရှိ ကန်ကြီးစေတီတော် ပရဝုဏ်အတွင်း ကဆုန်လပြည့်နေ့တွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ဗုဒ္ဓနေ့ အခမ်းအနားနှင့် ကဆုန်လ ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်မည် မဟုတ်ဘဲ  စေတီပရဝုဏ်အား ယာယီပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

ကော့မှူး  ၅ မေ

 

အခြေခံလူတန်စား လက်လုပ်လက်စား အိမ်ထောင်စုများသို့ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ် (၁၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်  ယနေ့ နံနက်ပိုင်းက အခြေခံ လူတန်းစား လက်လုပ်လက်စား အိမ်ထောင်စုများသို့ မန္တလေးမြို့နေ ဦးထီးနှင့်ဒေါ်မြ (မြနန်းတော် မိသားစု) က စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့၌ နယ်မြေခံတပ်မတော်သားများမှ အသီးအနှံများနှင့် စားသောက်ကုန်များအား ဈေးနှုန်းသက်သာသာစွာ ရောင်းချ
ကချင်ပြည်နယ် ဗန်းမော်မြို့၌ ယနေ့ နံနက်ပိုင်းက နယ်မြေခံတပ်မတော်သားများမှ အသီးအနှံများနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။