ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်း လုပ်ငန်းများ ကျေးရွာများအထိ သွားရောက်ဆောင်ရွက် လက်ကမ်းစာစောင်၊ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်များ အခမဲ့ဖြန့်ဝေ
ကိုဗစ်-၁၉ ရောဂါ အသိပညာပေးရေးနှင့် သတင်းစုဆောင်း ထုတ်ပြန်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာ၊ ဝက်ဆံကျေးရွာ၊ ပြိုင်းစေ့ကေ ကျေးရွာများသို့ သွားရောက်ကာ လက်ကမ်းစာစောင်၊ နှာခေါင်းစည်း၊ hand gel (လက်သန့်ဆေးရည်) များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။







