INNO Group- INNO City Project မှ တောင်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ငွေကျပ်သိန်း(၅၀)နှင့် နှာခေါင်းစည်း  ခုရေ ၂၀ဝ၀ လှူဒါန်း
တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် INNO Group - INNO City Project မှ ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် အလှူငွေကျပ် သိန်း(၅၀) နှင့် နှာခေါင်းစည်း  ခု ရေ ၂၀ဝ၀ အား မေလ ၄ ရက် ‌မွန်းလွဲ(၁)နာရီက မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ပေးအပ် လှူဒါန်းခဲ့ရာ ကော်မတီဝင်များက ကျေးဇူးတင်လျက် ဝမ်းမြောက်စွာဖြင့် လက်ခံရယူခဲ့
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဘိုးဘွားရိပ်သာနှင့် စောင့်ကြည့်ရေးစခန်းသို့ သွားရောက်လှူဒါန်း

ပုဂံညောင်ဦးမြို့ မြင်းကပါရပ်နှင့် တောင်ဘီရွာ ယာယီဈေးများတွင် နှာခေါင်းစည်း(mask) များ နှင့် လက်အိတ်များ မျှဝေခြင်း ဆောင်ရွက် 
မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦးမြို့ မြင်းကပါရပ်နှင့် တောင်ဘီရွာ ယာယီဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကူးစက်ပြန့်ပွားမှု မရှိစေရေး နှာခေါင်းစည်း(mask)များ ၊ လက်အိတ်များ မျှဝေခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေး ဟောပြောခြင်းတို့ကို ယနေ့ နံနက် ၇ နာရီက ခရိုင်/မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ ရက်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ရပ်ကျေး အမျိုးသမီး အဖွဲ့ဝင်များ   ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရ
မြောင်းမြမြို့၌ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်အတွင်းရှိ လက်ပံကျေးရွာ၊ ကျိုက်ညီနောင်ကျေးရွာတို့တွင်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျေးရွာနေ မိဘပြည်သူများအား စာအုပ်စာစောင် ငှားရမ်းပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည်များ အသုံးပြုပေးခြင်း တို့ကို  ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ပေးခဲ့
ဓနုဖြူမြို့တွင် မြို့မဈေးပြင်ပနေရာများတွင် ကုန်စိမ်းတည်ခင်းရောင်းချနေမှုအား စည်ကမ်းနှင့်အညီ ဖြစ်စေရန ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့တွင် ကိုဗစ်- ၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ မြို့မဈေးပြင်ပနေရာများတွင် ဈေးများတည်ခင်းရောင်းချနေမှုအား စည်းကမ်းနှင့်အညီ ဖြစ်စေရန် ယနေ့ နံနက် ၇ နာရီက ကွင်းဆင်းခဲ့
ချောက်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီပျိုးပင်များ အခမဲ့ဖြန့်ဝေရန် အသင့်ဆောင်ရွက်ထား
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် ၂၀၂၀ ခုနှစ် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးအတွက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ ပျိုးပင်အခမဲ့ရယူစိုက်ပျိုးနိုင်ရန် အတွက် ချောက်မြို့နယ် မင်းကန်ကျေးရွာ၊ မင်းကန်ယာယီပျိုးဥယျာဉ်အတွင်း မြို့နယ်သစ်တောဦးစီးဌာနက သစ်ပင် ပျိုးပင် ပေါင်း ၄၂၁၀ဝ ပင်ကို စိုက်ပျိုးထားကြောင်း သိရ