ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်စေတီတော်မြတ်ကြီး၏ (၂၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲနှင် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်

တိုင်းရင်းသားလူမျိုးရေးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ယနေ့ နံနက် ၆ နာရီက မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့် စေတီတော်ရင်ပြင်တွင် ကျင်းပသော အလိုတော်ပြည့်စေတီတော်မြတ်ကြီး၏ (၂၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။
မြန်မာအက အခြေခံကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖွင့်လှစ်ခဲ့သည့်  မြန်မာအကအခြေခံ ကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်း 
တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် ဝန်ကြီးများအား လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းခြင်း အခမ်းအနားကို
(၂၅)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနက ကြီးမှူးကျင်းပသော (၂၅)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့မွန်းလွဲ  ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နယူးဇီလန်နိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေး
နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့သည် ယနေ့တွင် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး The Right Honorable Winston Peters နှင့်တွေ့ဆုံသည်။
စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော် ပရဝုဏ်အတွင်းရှိ စေတီတော်များတွင် တင်လှူပူဇော်မည့် ရွှေထီးတော်များအား ရွှေတိဂုံစေတီတော်တွင် အပူဇော်ခံထားရှိမည်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်ပရဝုဏ်အတွင်းရှိ စေတီတော်များတွင် တင်လှူပူဇော်မည့် ရွှေထီးတော်များအား မွန်ပြည်နယ် ကျိုက်ထီးဆောင်းမှ ပင့်ဆောင်ကာ ရွှေတိဂုံစေတီတော်တွင် အပူဇော်ခံထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (BGB) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body - BGB) လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၇/၂၀၁၉) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။