ချင်းရွှေဟော် နယ်စပ်ဂိတ်မှ လွှဲပြောင်းပို့ဆောင်ပေးခဲ့သော နေရပ်ပြန်ရွှေ့ပြောင်း အလုပ်သမား (၁၅၇၉) ဉီး ထိရှိ
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူရွှေ့ပြောင်း အလုပ်သမားများသည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိ
မြောင်းမြမြို့နယ် အစုကြီးကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး  ရေတွင်းရေကန်များ အတွင်း ကလိုရင်းဆေးခပ်ပေး
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် အစုကြီးကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ကျေးရွာအတွင်းရှိ သောက်ရေကန် ၊ ရေတွင်းများတွင် ကလိုရင်းဆေးခပ်ခြင်း ၊  နေအိမ်များတွင် ဖုန်းသွန်လဲစစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ပြုလုပ်ခဲ့ကြောင်း သိရ
မောက်မယ်မြို့နယ် ကဒူးကြီး ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းလုပ်ငန်းခွဲပေါင်း(၁၄)ခု အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်  မောက်မယ်မြို့နယ်တွင် ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနတို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော လူထု ဗဟိုပြု စီမံကိန်း (ဒုတိယနှစ်)စက်ဝန်းတွင်  ထောက်ပံ့ရံပုံငွေ ကျပ်သိန်း (၇၅၀)ဖြင့် ကဒူးကြီးကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာပေါင်း (၂၃)ရွာ၌ လုပ်ငန်းခွဲပေါင်း (၁၄)ခုအား ဆောင်ရွက်လျှက်ရှိရာ အရည်းအသွေး စံချိန်စံညွှန်း ပြည့်မီရေးအတွက် စီမံကိန်းတာဝန်ခံ ဉီးဝန်းမြတ်သူ နှင့် သတင်းပြန်ကြားရေးတာဝန်ခံ ဒေါ်အိအိမွန်တို့က ကျေးရွာကော်မတီဝင်များ ၊ ဒေသခံများနှင့်တွေ့ဆုံပြီး စီမံကိန်း လုပ်ငန်း ဆောင်ရွက်မှု များနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခြင်း ၊ စီမံကိန်း လုပ်ငန်းခွဲများကို ကွင်းဆင်း စစ်ဆေးခြင်း များကို ဆောင်ရွက်လျက်ရှိကြောင်း သိရ
 (၇၄) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် စိန့်အလွိုက်ရှက်(စ်) မသန်စွမ်း မိဘမဲ့ဂေဟာသို့ အလှူငွေနှင့် ရေသန့်လှူဒါန်း
ကျောက်မဲခရိုင်  နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၄)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် စိန့်အလွိုက်ရှက်(စ်) မသန်စွမ်းမိဘမဲ့ဂေဟာသို့ အလှူငွေနှင့် ရေသန့်ကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရ
မယ်စဲ့မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအား ယနေ့နံနက်၉နာရီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ မြို့နယ်တည်ဆောက်ရေး နှင့်အရည်အသွေးစစ်ဆေးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ
ဟိုပုံးမြို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ သိန်း(၁၀၀၀) ဒုတိယ အရစ်ပေးအပ်