သုတရသနှင့် ပျော်ရွှင်မှုများစွာ ခံစားရမည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)သို့ လာရောက်ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်
အနာဂတ်နိုင်ငံတော်အတွက် အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ကို ဒီဇင်ဘာ ၁၄ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ မကွေးတက္ကသိုလ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်ရာ သုတရသနှင့် ပျော်ရွှင်မှုများစွာကို ခံစားရရှိမည့် အဆိုပါပွဲတော်သို့ လာရောက်ပါဝင်ဆင်နွှဲကြပါရန် ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှ ဖိတ်ခေါ်ထားသည်။