ကမ္ဘောဇဘဏ်က ကရင်ပြည်နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် ဆန်အိတ် ၁၀ဝ၀ ပေးအပ်လှူဒါန်း

ကရင်ပြည်နယ်အစိုးရမှ နေရပ်ပြန်လာသူများအား စနစ်တကျကြိုဆိုနိုင်ရေး ဆောင်ရွက်မှုများအား ပံ့ပိုးကူညီသည့် အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများကို ပြည်နယ်အစိုးရထံသို့ ကမ္ဘောဇဘဏ်က မေ ၃ ရက်တွင် ထပ်မံလှူဒါန်းခဲ့သည်။
Covid-19 ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV )  သို့ လာရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်ကောင်စီ Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများနှင့် စည်ပင်သာယာရေးလုပ်ငန်းများ၊ ကြီးကြပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း ဦးဆောင်သော စစ်ဆေးရေးအဖွဲ့သည် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်နှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
တနိုင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက Qurantine ဝင်နေသူများကို ကိုဗစ်-၁၉ ရောဂါနှင့်ပက်သက်၍ လိုက်နာရမည့် စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ကြစေရန် တာဝန်ရှိသူများမှ အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့သည်။
တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေ ဖော်ဆောင်လျက်ရှိသည့် မြက်ဖျာလက်မှုလုပ်ငန်း         
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ် မဲဇာရွာနှင့် သင်ကတုန်ရွာတွင် မြက်ဖျာ ရက်လုပ်သည့် လုပ်ငန်းဖြင့်  တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေ ဖော်ဆောင်လျက်ရှိသည်။
ဖြူးမြို့နယ်တွင် နေရပ်ပြန်လာများအား စောင့်ကြည့်ရေးစခန်းများတွင် သီးသန့်စောင့်ကြည့်မည်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှ မြန်မာပြည်တွင်း ဒေသအသီးသီးမှ မိမိဒေသသို့ ပြန်လာကြသူများအား Facility Quarantine  Centre များတွင် (၂၁) ရက်စောင့်ကြည့်ပြီး  ကျန်းမာရေး စောင့်ရှောက်မှုများ ပေးသွားမည်ဖြစ်ကြောင်း ဖြူးမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌထံမှ သိရသည်။
ကျိုက်ထီးရိုးတောင် အခြေခံအလုပ်သမားများအား ဆန်၊ ဆပ်ပြာနှင့် နှာခေါင်းစည်းများ ဝေငှ
ကျိုက်ထီးရိုးတောင် ကုန်ထမ်း/လူထမ်း ကော်မတီအဖွဲ့မှ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်နေသည့် ကုန်ထမ်း/ လူထမ်း အခြေခံလူတန်းစားများ စားသောက်ရေး အဆင်ပြေစေရန် ယနေ့ နံနက်ပိုင်းက ဆန်၊ ဆပ်ပြာနှင့် နှာခေါင်းစည်းများ ဝေငှခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးဒေသထွက် ပဲကြော်များ ယခင်ကထက် ရောင်းအားကောင်း 
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၏ အဓိကထွက်ကုန်တစ်ခုဖြစ်သည့် ပဲကြော်များ သင်္ကြန်ပြီးကာလမှစ၍ ယခင်ကထက် အ၀ယ်လိုက်ပြီး ရောင်းအားမြင့်တက်လာကြောင်း သိရသည်။