မယ်စဲ့မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် အမိုးလန်ပျက်စီး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ နမ့်မန်းကျေးရွာ၌ ယမန်နေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးနှင့် ကြက်သွန်ဖြူဂိုဒေါင်တစ်လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။







