ရေဦး၌ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံစား‌သောက်ကုန်ပစ္စည်းများ ဆက်လက်ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်များကို ယမန်နေ့က ထောက်ပံ့ပေးဝေခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ

(၁၂-၄-၂၀၂၀) ရက်နေ့၊ ည (၆:၃၀) နာရီ

ငွေတောင်ဆည်သို့ မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ကာလအတွင်း လာရောက်လည်ပတ်သူနှင့် ရေကစားသူ မရှိ
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်တွင် နှစ်စဉ်မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ၊ ဒေသခံများ လာရောက်လည်ပတ်မှု များပြားလျက်ရှိသော်လည်း ယခုနှစ် သင်္ကြန်ကာလတွင် ကိုဗစ်-၁၉ ရောဂါကြောင့် လာရောက်လည်ပတ်သူ မရှိသည့်အပြင် ရေကစားသူများလည်း မရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် သင်္ဘောဆိပ်နှင့် အဝေးပြေးကားဂိတ်တို့၌ ပြည်သူများ သွားလာမှုနည်းပါး
ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသော လက်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဧပြီ ၁၀ ရက်မှ ၁၉ ရက်အတွင်း၊ သင်္ကြန်ပွဲတော် ရုံးပိတ်ရက် ရှည်ကာလအတွင်း အိမ်မှာနေထိုင်ကြဖို့ သတ်မှတ်လိုက်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့သင်္ဘောဆိပ်ကမ်း၌  ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ သွားလာမှု မရှိသလောက် နည်းပါးလျက်ရှိပြီး ဒလမြို့နယ် အဝေးပြေးကားဂိတ်တွင်လည်း မော်တော်ယာဉ်များ ပြေးဆွဲမှု မရှိသလောက် နည်းပါးသွားကြောင်း ယနေ့ ညနေ ၄ နာရီက မြင်တွေ့ရသည်။
လားရှိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ လူနာနံပါတ်(၃၂)နှင့် ပတ်သက်ပြီး ၎င်းတည်းခိုသွားလာခဲ့သည့် နေရာများအား စစ်ဆေးဆောင်ရွက်လျက်ရှိ
လားရှိုးမြို့၌ ယနေ့ မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါ လူနာနံပတ်(၃၂)နှင့် ပတ်သက်ပြီး ရန်လုံကျိုင်းဂိတ်မှာ စစ်ဆေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း၊ လဝကဝန်ထမ်းများအားလုံးကို Home Quarantines လုပ်ရန် စီစဉ်ထားရှိပြီး ၎င်းစီးလာသောကားအား ကားနံပါတ်ဖြင့် စုံစမ်း၍လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန် (၅) မျိုး ထောက်ပံ့ပေး
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် အမှတ်(၁)ရပ်ကွက်ရှိ အိမ်ထောင်စု (၁၃၅) စုနှင့် အမှတ် (၃) ရပ်ကွက်ရှိ  အိမ်ထောင်စု (၁၀၅) စုတို့အား  အခြေခံစား သောက်ကုန်(၅)မျိုး ဖြစ်သည့် ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ကြက်သွန်နီ (၁) ပိဿာ၊ ပဲ (၁) ပိဿာတို့ကို ယနေ့မွန်းလွဲ ၂ နာရီမှစ၍ အခြေခံ လူတန်းစားများ၏ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ 
အောင်လံမြို့နယ်အတွင်းရှိ ရေရှားပါးသည့် ကျေးရွာများသို့ သန့်ရှင်းသော သောက်သုံးရေများ လှူဒါန်း
ယနေ့ နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနှင့် မြို့နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်းရှိ ရေရှားပါးသည့် ပဒဲကျေးရွာသို့ သွားရောက်၍ သန့်ရှင်းသော သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း  သိရသည်။