ကိုဗစ်-၁၉ နှင့် ပတ်သက်၍ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှု အစီအစဉ်သို့ ချိတ်ဆက်မေးမြန်း လျက်ရှိ
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် အသွားအလာ ကန့်သတ်ခြင်း သို့မဟုတ် တားမြစ်ခြင်းတို့ကို ဆောင်ရွက်ရာတွင် သီးခြားခွဲခြားနေထိုင်ရခြင်းနှင့် ဆက်စပ်သည့် အကြောင်းများကြောင့် Quarantine အစီအစဉ်များ တွင် ပါဝင်နေသူများ အနေဖြင့် စိတ်ဖိစီးမှုများ ခံစားရနိုင်ခြင်းကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိသည်။








