မိုးညှင်းမြို့နယ် ဆယ်မိုင်ရွာ နန့်ရင်းချောင်း ကျောက်စီမြေထိမ်းနံရံ ဆောက်လုပ်မှု ၈၀ ရာခိုင်နှုန်းပြီးစီး
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဆယ်မိုင်ရွာသစ်ကျေးရွာ ရွှေဘို - မြစ်ကြီနား ပြည်ထောင်စု ကားလမ်းဘေး နန့်ရင်းချောင်းတွင် Steel basket ကျောက်စီမြေထိမ်းနံရံ တည်ဆောက်လျက်ရှိရာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လမ်းဦးမှူး ဦးမောင်မောင်လွင်က ပြောသည်။







