တန်ဆောင်တိုင်မီးပုံးပျံပွဲတော် စည်ကားစွာ ကျင်းပ

တောင်ကြီးမြို့၊စူဠာမုနိ ဘုရားပွဲ မဟာဘုံကထိန်နှင့် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ကော်မတီမှကြီးမှူးကျင်းပသော တောင်ကြီးမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ  ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ အချိန်မှစတင်၍ အဝေရာကုန်းသာ မီးပုံးပျံကွင်း၌ ကျင်းပခဲ့သည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး မြေပြင်ကွင်းဆင်းစစ်ဆေး
မောင်တောမြို့နယ်၌ ရပ်ကွက်/ကျေးရွာများအတွင်းရှိ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး မြေပြင် ကွင်းဆင်း စစ်ဆေးခြင်းကို  နိုဝင်ဘာ ၇ ရက် နံနက်ပိုင်း က  မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
သိမ်းဆည်းခံလယ်ယာမြေများအား ကျန်ရှိသည့်လျော်ကြေးငွေပေးအပ်ရေး စိစစ်ဆောင်ရွက်
လှိုင်သာယာမြို့နယ်တွင် သိမ်းဆည်းခံလယ်ယာမြေများအား လျော်ကြေးငွေများပေးအပ်လျက်ရှိရာ ကျန်ရှိသည့် မြေယာများ ပိုင်ရှင်အမှန် စိစစ်ခြင်းကို မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ လယ်သမားများ ပူးပေါင်းကာ နိုဝင်ဘာ ၈ ရက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ တရားမဝင် အခြားသစ်ခွဲသားနှင့် ပေါင်သုံးဆယ်ဝင် မီးသွေးအိတ် ၁၄၉ လုံး ဖမ်းဆီးရမိ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မော် ဦးဆောင်သော ဝန်ထမ်းများ အဖွဲ့သည် မြို့နယ်အတွင်း သစ်တောပြုန်းတီးမှု လျော့နည်းပပျောက်စေရန်နှင့် တရားမဝင် သစ်မှောင်ခိုပြုလုပ်ခြင်းများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ နိုဝင်ဘာ ၇ ရက်၊ နံနက် ၃ နာရီအချိန်ခန့်က နယ်မြေရှင်းလင်းခြင်းလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ တရားမဝင် အခြားသစ်ခွဲသား (၇)ချောင်း ၊ လုံးပတ် သုံးပေအောက် အခြားသစ်လုံး တစ်လုံး စုစုပေါင်း သုည ဒသမ ၈၃၇၆ တန်နှင့် ပေါင်သုံးဆယ်ဝင် တရားမဝင် မီးသွေးအိတ် ၁၄၉ လုံး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဌာနပေါင်းစုံ စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး စနေနေ့တိုင်း ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပသော သဘာဝပတ်ဝန်းကျင်ကောင်း ဖြစ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ အပတ်စဉ် သန့်ရှင်းရေးကို စနေေန့တိုင်းဆောင်ရွက်လျက်ရှိရာ ယေန့နံနက်(၇)နာရီက မြို့သစ်မြို့နယ် စည်ပင်ရုံးရှေ့မှ ဘောလုံးကွင်းလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
မြိတ်မြို့တွင် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အထက(၁)ကျောင်း ပညာဗိမာန်ခန်းမတွင် ကျောင်းပညာရေးနှင့် ရသ စာပေပေါင်းကူးဆက်စပ်ပေးရန် ရည်ရွယ်ချက်ဖြင့် Pen Myanmar မှ (၁၃၄) ကြိမ်မြောက် ရသအစုန်အဆန် ရေးသူ ဖတ်သူစုန်ဆန်ပွဲကို နိုဝင်ဘာ  ၈ ရက် နေ့လယ် ၁ နာရီက ကျင်းပသည်။
တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလ နေရပ်ပြန်ခရီးသွားများဖြင့် ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမကြီးတစ်လျှောက် စည်ကားလျက်ရှိ
တန်ဆောင်တိုင်ကာလ ရုံးပိတ်ရက်များတွင် ဒေသပြန် ခရီးသွားများ၊ဘုရားဖူးအလည်အပတ်သွားရောက်သူများ၊ ကမ်းခြေသို့ အပန်းဖြေရန် သွားရောက်သည့် ခရီးသွားများဖြင့် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-ပုသိမ် အဝေးပြေး လမ်းမကြီးတစ်လျှောက်၌ အထူးပင်စည်ကားလျက်ရှိသည်။