ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မြိုင်ဇေယျာကျေးရွာ၌ ငရုတ်စိုက်တောင်သူများ၏ ငရုတ်ခင်းများ အောင်မြင်ဖြစ်ထွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် မြိုင်ဇေယျာကျေးရွာ၌ ဒေါင်းမြူးချောင်းရေကို ရေ တင်စနစ်ဖြင့်စိုက်ပျိုးရာ ငရုတ်စိုက်တောင်သူများ၏ ငရုတ်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း  သိရ
လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ အကူအညီရယူဆောင်ရွက်ရန်လိုအပ်ပါက လယ်ယာဝန်ဆောင်မှု သမဝါယမ အသင်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်
နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ တောင်သူလယ်သမားများ နွေနှင့် မိုးစပါးစိုက်ပျိုး ထွန်ယက်ခြင်းနှင့် ထွက်ရှိလာသော သီးနှံများရိတ်သိမ်းခြွေလှေ့ချိန် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ လယ်ယာ ဝန်ဆောင်မှု သမဝါယမအသင်းများကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ပျဉ်းမနားမြို့နယ်တွင် သမဝါယမ အသင်းစုချုပ်၏ လယ်ယာဝန်ဆောင်မှုအသင်းနှင့် လယ်ဝေးမြို့နယ်တွင် လယ်ယာဝန်ဆောင်မှု သမဝါယမ အသင်းများမှ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
ဝန်းသိုမြို့နယ် ပုတိမ်ကုန်းကျေးရွာတွင် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ဝန်းသို့မြို့နယ် ပုတိမ်ကုန်းကျေးရွာ ရေရရှိရေးလုပ်ငန်းကို ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၁၃ ဒသမ ၉ရ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသ နေပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး    ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရ
ဟင်္သာတမြို့နယ်ရှိ ‌စောင့်ကြည့်ရေး စင်တာ(၂)နေရာနှင့် တိုက်နယ်ဆေးရုံတစ်ရုံအတွက် ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ၁၄ ရက်‌ စောင့်ကြည့်ရေး စင်တာ(၂)နေရာနှင့် တိုက်နယ်ဆေးရုံတစ်ရုံအတွက် ယနေ့ နံနက်ပိုင်းက 11 Family ပရဟိတ လူငယ်များအဖွဲ့ (ရန်ကုန်)က ကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရ
တလုတ်ရင်း(နောက်)ကျေးရွာ၌ မြေနီ ကျောက်စရစ်လမ်းခင်းခြင်း လုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီး
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် တလုတ်ရင်း(နောက်)ကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ခွင့်ပြု ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်းခင်းခြင်း လုပ်ငန်းများအား ယခုနှစ်မတ်လ အတွင်းက ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန တာဝန်ရှိသူထံမှ သိရ