ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှလှူဒါန်းသည့် လူနာတင်ယာဉ်(၁)စီးအား ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံသို့ လွှဲပြောင်းပေးအပ်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံအတွက် လှူဒါန်းသည့် လူနာတင်ယာဉ်တစ်စီးအား သီကီးရ်တိုက်နယ်ဆေးရုံသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယနေ့ညနေ ၄ နာရီခွဲက အဆိုပါတိုက်နယ်ဆေးရုံ၌ ကျင်းပပြုလုပ်ရာ
အသက်ရှူအားကူစက် ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်
မန္တလေးမြို့ ဆေးရုံကြီးများရှိ လက်ထောက်ဆရာဝန်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းတွင် အရန်အင်အားအဖြစ် စုစည်းထားရှိနိုင်ရန် အသက်ရှူအားကူစက် ကိုင်တွယ်အသုံးပြုနည်း သင်တန်းကို ယနေ့နံနက် ၉ နာရီတွင် ဆေးတက္ကသိုလ်(မန္တလေး)တွင် ဖွင့်လှစ်သည်။
ဘဏ္ဍာရေးကော်မရှင် (၁/ ၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကျင်းပ
ဘဏ္ဍာရေးကော်မရှင် (၁/ ၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၃/၂၀၂၀) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ဆီဆိုင်မြို့နယ် ကျေးလက်ဦးစီးဌာနမှ ရေအလွန်ရှားပါးသောတောင်ပေါ်ကျေးရွာသို့ သောက်သုံးရေများ သွားရောက် လှူဒါန်းပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျော ကျေးရွာအုပ်စုအတွင်းရှိ ရေအလွန်ရှားပါးသော ဖာလိုင်(ရှေ့)ကျေးရွာတွင် ဧပြီ ၇ ရက် နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေများသွားရောက် လှူဒါန်း  ပေးခဲ့ကြောင်း သိရ
ရေလုပ်ငန်းရှင်များ သိရှိစေရန် ကြေညာခြင်း
မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသည့် ကမ်းဝေးငါးဖမ်း/ငါးသယ်ရေယာဉ် အားလုံးတွင် E-MTU/ Transponder (VMS ကိရိယာ)များကို တပ်ဆင်ခဲ့ပြီးဖြစ်၍ ကမ်းနီး ငါးဖမ်းကွက် များ LMMA ၊  Co-Management ဧရိယာများ၊ လန်ပိကျွန်းဧရိယာ(MPA)နှင့် တားမြစ်ထားသည့် ငါးဖမ်း ကွက်( F13၊ F14၊ F20၊ F21)များသို့ ဝင်ရောက်ငါးဖမ်းသည့် ရေယာဉ်များအား VMS Control Center များမှ စောင့်ကြည့်ထိန်းချုပ်ခြင်း လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိကာ စည်းကမ်း ဖောက်ဖျက်သည့် ရေယာဉ်များ၏ ပိုင်ရှင်များ၊ ရေယာဉ်မှူးများနှင့် သက်ဆိုင်ရာအေးဂျင့်များအား ဖုန်းဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း ဆက်သွယ်သတိပေးခြင်း၊ တားမြစ်ဧရိယာများမှ အမြန်ဆုံး ထွက်ခွာစေခြင်း စသည်တို့ကို ပညာပေးကာလအဖြစ် ဆောင်ရွက်လျက်ရှိ
ကရုဏာစည်းလုံးညီညွတ်ရေးအသင်းမှ ပခုက္ကူမြို့နယ်အတွင်းမှ ကျေးရွာ(၁၃)ရွာသို့ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး ပစ္စည်းများထောက်ပံ့
ကရုဏာစည်းလုံးညီညွတ်ရေး အသင်းမှ ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သည့် ကျေးရွာ (၁၃)ရွာသို့ ကိုဗစ်-၁၉ကြိုတင်ကာကွယ် ရေးတွင် အသုံးပြုနိုင်ရန် ပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲကို ဧပြီ ၇ ရက် နံနက် ၈ နာရီက ရွာပင်ကိုင်းကျေးရွာ စေတနာစာကြည့်တိုက်၌ ကျင်းပ