ကြံခင်းမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် စစ်ဆေးမှုများပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည့် ကာလအတွင်း မီးဘေးလုံခြုံမှုရှိစေရေး၊ ကျောင်းသားကျောင်းသူများ စာဖြေရာတွင် အဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် စာသင်ခန်းသန့်ရှင်းမှု၊ ထိုင်ခုံများခိုင်ခံ့စွာ ထားရှိမှုအပြင် မေးခွန်းတိုက် လုံခြုံမှု စသည်တို့ကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ







