တပေါင်းလပြည့်နေ့တွင် ဒလ-ကျိုက်လတ်ခရီးစဥ် ယာဉ်လိုင်း အခမဲ့ကုသိုလ်ယူ ပြေးဆွဲ

ဒလမြို့မှ ကျိုက်လတ်မြို့သို့ ခရီးသည် ပို့ဆောင်ပြေးဆွဲလျက်ရှိသော ပိုင်ဧရာယာဥ်လိုင်းမှ တပေါင်းလပြည့်နေ့ (မတ်လ ၈ ရက်) နေ့တွင် ခရီးသည်များအား အခမဲ့ကုသိုလ်ယူ ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
သီးနှံ(စပါး)မျိုး ပြောင်းလဲစိုက်ပျိုးရေး နည်းပညာဆိုင်ရာဆွေးနွေးပွဲ ကျင်းပ
သီးနှံ(စပါး)မျိုး ပြောင်းလဲစိုက်ပျိုးရေး နည်းပညာဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ခရိုင်စိုက်ပျိုးရေးရုံး၌ ပြုလုပ်ခဲ့သည်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့အခြေစိုက် အာဆီယံသံအမတ်ကြီးများ မြန်မာနိုင်ငံ ရိခေါ်ဒါရ်မြို့သို့ လာရောက်ပြီး ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံ
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့သို့ လေ့လာရေးခရီးစဉ်ဖြင့် ရောက်ရှိလာကြသည့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီအခြေစိုက် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ဦးမိုးကျော်အောင် ဦးဆောင်သည့် အာဆီယံသံအမတ်ကြီးများသည် မတ် ၇ ရက် ညနေပိုင်းက ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာကြရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရိပြည်ထောင်စုရိပ်သာမုခ်ဦး၌ ကြိုဆိုကြသည်။
နတ်မောက်မြို့နယ် ကျေးရွာများသို့ ကျေးရွာသန့်ရှင်းသာယာရေးအတွက် အမှိုက်ပုံးများပေးအပ်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ One State One Township Project လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဦးဆောင်ကြီးကြပ်၍ ယနေ့နံနက်ပိုင်းက နတ်မောက်မြို့နယ် တံခွန်တိုင်ကျေးရွာနှင့် ပိတောက်ငုတ်ရွာလေး ကျေးရွာများသို့ ကျေးရွာသန့်ရှင်းသာယာရေးအတွက် အမှိုက်ပုံးများ ပေးအပ်ခဲ့ကြသည်။    
မယ်စဲ့မြို့၌ တပေါင်းလပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်သံဃနာယက ဆရာတော်များ၏ ဩဝါဒကိုခံယူပြီး မယ်စဲ့မြို့အဝင် ရတနာရန်အောင်စေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပိတ်သိမ်းပွဲကို ယနေ့နံနက် ၇ နာရီက အဆိုပါစေတီတော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
စက်မှုလယ်ယာ စနစ်ကျလယ်မြေ ၁၅၀ ဧကအား တောင်သူများထံ လွှဲပြောင်းပေးအပ် 
စက်မှုလယ်ယာ စနစ်ကျလယ်မြေ ၁၅၀ ဧကအား တောင်သူများထံ လွှဲပြောင်းပေးအပ်ကို ယမန်နေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပတ်တန်းကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၀၇)နှင့် (၁၆၀၈)တွင် ပြုလုပ်ခဲ့သည်။
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် ယင်းမာပင်မြို့နယ် ကောင်းဆင့်ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း ခြောက်သောင်းကျော် စိုက်ပျိုးထားရှိ