ကရင်ပြည်နယ်ဝန်ကြီးချုပ် ထုံးအိုင်- မိန်းမလှကျွန်း- ဖအွံ- ဖဲကတာ လမ်းပေါ်ရှိ တံတားတည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ထုံးအိုင်- မိန်းမလှကျွန်း- ဖအွံ- ဖဲကတာ လမ်းပေါ်ရှိ ဖအွံချောင်းအား ဖြတ်ကျော်တည်ဆောက်ထားသည့် တံတားပြီးစီးမှုနှင့် တံတားချဉ်းကပ်လမ်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။




