ရေဘေးခိုလှုံရေး School Cum Shelter နှင့် Cyclone Shelter များတည်ဆောက်မှု (၈၀)ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်ရိုးတစ်လျောက်နှင့် မြစ်သာမြစ်ရိုးတစ်လျောက်ရှိ ကျေးရွာများ တည်ဆောက်လျက်ရှိသော School Cum Shelter နှင့် Cyclone Shelter များ တည်ဆောက်ရေးလုပ်ငန်းများ (၈၀)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၏ ပြောကြားချက်အရ သိရ
မြန်မာ့ပင်လယ်လိပ်မျိုးထိန်းသိမ်းရေး စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီးပင်လယ်ပြင်ရှိ လိပ်ကျွန်း(ခ)သမီးလှကျွန်း ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်းတွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရစ္ဆာန်နှင့်သဘာဝအပင်များအဖွဲ့ Fauna & Flora International (FFI) ပူးပေါင်း၍ မြန်မာ့ပင်လယ် လိပ်မျိုး ထိန်းသိမ်းရေး စွမ်းရည်မြှင့်သင်တန်းကို ယခုလ ၅ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရ
ဖားဆောင်းမြို့နယ် ခဲမဖြူကျေးရွာတွင် မူလတန်းလွန်ကျောင်းဆောင်သစ်ဖွင့် 
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက် နိုင်ငံတကာအစိုးရ မဟုတ်သောအဖွဲ့အစည်း တစ်ခုဖြစ်သည့် နိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့)တို့ ပူးပေါင်းဆောက်လုပ်သည့် ခဲမဖြူကျေးရွာရှိ အမှတ်(၂) အခြေခံမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့  ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။       
လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား ကျောင်းသူများအား ပျော်ရွင်စရာပြိုင်ပွဲများ ကျင်းပပေး
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများအား စာဖတ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများ ရရှိလာစေရန်နှင့်ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန် ရည်ရွယ်၍ ဘောလုံးပုတ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
အတ္ထရံမြစ်ကူး  (စံပယ်ဂူ) တံတား၊    ပင်မတံတား   သံဘောင်တပ်ဆင်မည့်  အချိန်တွင် ရေလမ်း ကြောင်း  ပိတ်ထားမည်ဖြစ်ကြောင်း  ရေလမ်းသတင်း  သတိပေးချက်
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၄)မှ မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ ကျိုက်မရော - စံပယ်ဂူ - ကော့ပနော  လမ်းပေါ်ရှိ အတ္ထရံမြစ်ကူး (စံပယ်ဂူ) တံတားအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် RP1နှင့်  RP2 ကြားတွင် Temporary  Support များ(၄)တိုင် စိုက်သွင်း၍ ပင်မတံတား သံဘောင်တပ်ဆင် ခြင်းလုပ်ငန်းကို တန်(၂၀ဝ၀) Working Barge များ Z – Craft များ အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်
မိုးမိတ်မြို့၌  မြို့ဝင်မြို့ထွက်လမ်းများတွင်  ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးစစ်ဆေး
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မြို့ဝင်မြို့ထွက်လမ်းများတွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ကျန်းမာရေးစစ်ဆေးခြင်းကို မတ်  ၆ ရက် နံနက်မှစတင်၍ ဆောင်ရွက်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနေဝင်းလှိုင် တို့မှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့
မြို့သစ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာဖြေဌာန(၆)ခုဖြင့် ဆောင်ရွက်မည်
မကွေးခရိုင် ၊ မြို့သစ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်  ၊  တက္ကသိုလ်ဝင်စာမေးပွဲကို စာဖြေဌာန(၆) ခုဖြစ်သည့် အထက (၁)  ၊  အထက(၂) ၊  ဝါးကြီးအိုင် (အထက) ၊ လေးတိုင်စင် (အထက)၊ မြို့လုလင် (အထက-ခွဲ) ၊ မြို့မ(လ-ခွဲ)တို့တွင် ကျင်းပမည်ဖြစ်သည်။ မြို့သစ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ တက္ကသိုလ်ဝင် စာမေးပွဲကို တစ်မြို့နယ်လုံး ဖြေဆိုမည့်သူ ကျား (၁၇၄၈)ဦး နှင့် မ (၂၀၃၄)ဦး စုစုပေါင်း (၃၇၈၂)ဦး ရှိကြောင်း သိရ