ရေမြောင်းတူးရာမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ကြေးပန်းကန်များတွေ့ရှိ
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ ရင့်ရဲကျေးရွာတွင် ကျေးရွာအတွင်း ရေစီးရေလာ ကောင်းမွန်ရန် ရေမြောင်းတူးဖော်ရာမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသော ကြေးပန်းကန်ပြားများ ဖေဖော်ဝါရီ ၂၉ ရက်က တွေ့ရှိသဖြင့် သိမ်းဆည်းထားကြောင်း သိရသည်။







