ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်  ပုသိမ်တံတားအမှတ် (၂) တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန် - ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ စတုတ္ထအစည်းအဝေး ဒုတိယနေ့ကျင်းပ
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ (၄၇) ပါးစုံညီ စတုတ္ထအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
ဒက္ခိဏသီရိမြို့နယ်ရှိ သမိုင်းဝင် ရန်အောင်မြင် ရွှေလက်လှစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၈၈) ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပ
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်ရှိ သမိုင်းဝင်ရန်အောင်မြင် ရွှေလက်လှ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် နှင့် (၈၈) ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းဆန်တော်လောင်း လှူပွဲကို ယနေ့မွန်းလွဲ (၂) နာရီတွင် အဆိုပါ သမိုင်းဝင် ရန်အောင်မြင်ရွှေလက်လှ စေတီတော်မြတ်ကြီး၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့သို့ ဆန်တန်ချိန် ၂၀၀ ပေးပို့လှူဒါန်း
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကြောင့် တရုတ်ပြည်သူပြည်သားများ၏ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေမှုအပေါ် .............
ရွှေစာရံဘုရားပွဲတော်သို့ ပွဲတော်မတိုင်မီကပင် လာရောက်လည်ပတ်သောသူများ စည်ကားလျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအနီးရှိ ရွှေစာရံဘုရား ပွဲတော်ကြီးကို နှစ်စဉ် တပေါင်းလပြည့်မှ လပြည့်ကျော် ၉ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ..............
မြန်မာနိုင်ငံ ကင်းထောက်လုပ်ငန်း ဆောင်ရွက်မှုများကို အာရှပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်မှ လေ့လာ 
မြန်မာနိုင်ငံတွင် ကင်းထောက်လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်ရေး ပါဝင်ကူညီ ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အာရှပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်မှ First Voice Chairman Mr. Hiroshi Shimada နှင့်အဖွဲ့သည် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ဒုတိယကင်းထောက်ချုပ် ဦးသာစိန်၊ မြန်မာနိုင်ငံ ကင်းထောက်ကြီးများနှင့် ဖေဖော်ဝါရီ ၂၇ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ Brainworks Total International School ခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
သံဃာတော်များနှင့် သီလရှင်များအား မျက်စိစမ်းသပ်ခြင်းနှင့် အထွေထွေဆေးကုသပေးခြင်းများ ပြုလုပ်
မွန်ပြည်နယ်၊ သထုံမြို့ပေါ်ရှိ ဆရာတော် သံဃာတော်များနှင့် သီလရှင်များကို ဆွစ်ဇာလန်နိုင်ငံအခြေစိုက် One Dollar Glasses အဖွဲ့မှ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် သမားတော်ကြီးများက သထုံမြို့ မြသပိတ် တောင်ခြေရှိ သဒ္ဓမဇောတိကာရာမကျောင်းတိုက်၌ ယမန်နေ့မှစတင်ကာ နှစ်ရက်ကြာ မျက်စိစမ်းသပ် စစ်ဆေး ခွဲစိတ်ပေးခြင်းနှင့် မျက်မှန်များ ပြုလုပ်ပေးခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။