ငဖဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေးဟောပြော 

မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများနှင့် ကျေးလက်နေပြည်သူများ ကျန်းမာရေး အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) အကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက ဇီးတောကြီးကျေးရွာ၊ ကံကြီးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးနှင့် စင်များလှူဒါန်း
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အမှတ်(၁၆) ရပ်ကွက်ရှိ ဒေါ်မြင့်မိသားစုမှ ရပ်ကွက်အတွင်း လမ်းအလိုက် မီးသတ်ဆေးဘူးများထားရှိရန်အတွက်
ရွှေဘိုမြို့တွင် မျိုးသန့်စပါးနှင့် ရိုးရိုးမျိုးစပါးမှ စိုက်ပျိုးထွက်ရှိသည့် စပါးတို့၏ အရည်အသွေးအထွက်နှုန်းကို သရုပ်ပြကြိတ်ခွဲပြသ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် စီးပွားဖြစ်မျိုးသန့်မျိုးစေ့မှ စိုက်ပျိုးထွက်ရှိသည့် မျိုးသန့်စပါးနှင့် ရိုးရိုးမျိုးစပါးမှ စိုက်ပျိုးထွက်ရှိသည့် စပါးတို့ အရည်အသွေးအထွက်နှုန်းကို သရုပ်ပြကြိတ်ခွဲပြသခြင်းကို ယမန်နေ့ နံနက် ၈ နာရီက သိင်္ဂီဆန်စက်တွင် ကျင်းပခဲ့သည်။
တနင်္သာရီမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေး
ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
ကျေးရွာသုံး ထင်းစိုက်ခင်း ၂၀ ဧကအား နတံခွန်တိုင်ကျေးရွာသို့ လွှဲပြောင်းပေးအပ်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၂၀၁၉ ခုနှစ် မိုးရာသီတွင် တည်ထောင်စိုက်ပျိုးခဲ့သည့် ကျေးရွာထင်းစိုက်ခင်း ၂၀ ဧကအား နတ်မောက်မြို့နယ် နတံခွန်တိုင်ကျေးရွာသို့ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါစိုက်ခင်းတွင် ကျင်းပခဲ့သည်။
ဒေးဒရဲမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စာစစ်ဌာန (၇)ခု၌ ကျောင်းသား ကျောင်းသူ ၂၉၂၇ ဦး ဝင်ရောက်ဖြေဆိုမည်
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စာစစ်ဌာန (၇)ခု၌ ကျောင်းသား ကျောင်းသူ ၂၉၂၇ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ အလုပ်သင်ဝန်ထမ်းများအား ဘက်စုံလုပ်ငန်း ကျွမ်းကျင်မှု ရှိစေရန်အတွက် ရည်ရွယ်၍ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းကို အပတ်စဉ် စနေနေ့တိုင်း ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။