ဒလမြို့နယ်တွင် စုပေါင်း ရဟန်းခံ ရှင်ပြုအလှူတော်ကြီး ပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် စုပေါင်းရဟန်းခံ ရှင်ပြု အလှူတော်ကြီး ကျင်းပပြုလုပ်မည်ဟု သိရ
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်)ဒီပလိုမာ အောင်လက်မှတ်အပ်နှင်း
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်) အမှတ်စဉ် (၂၀) သွားတုလုပ်ငန်း ကျွမ်းကျင်မှု ဒီပလိုမာ သင်တန်းနှင့် အမှတ်စဉ် (၂) သွားကျန်းမာရေးသူနာပြု ဒီပလိုမာသင်တန်း အောင်လက်မှတ် အပ်နှင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ် ရွှေရတုခန်းမ၌ ကျင်းပ
ဖာပွန်မြို့၌ "ကြိုတင်ကာကွယ်ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပမည်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ "ကြိုတင်ကာကွယ်ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)  ဆွေးနွေးပွဲကို ခရိုင်ပြန်ဆက်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
မြိတ်မြို့တွင် ဆေးဆိုင်များအား ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီ ရောင်းချခြင်း ရှိမရှိ  ကွင်းဆင်းစစ်ဆေး 
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများအတွက် ဆေးဆိုင်များအား ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီ ရောင်းချခြင်းရှိမရှိကို တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြိတ်ခရိုင် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဌာနဆိုင်ရာတာဝန်ရှိသူများသည်   ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲက မြိတ်မြို့ရှိ ဆေးဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြသည်။
မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာကျေးရွာတွင် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
ကျေးလက်နေပြည်သူများ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသော အကြောင်းအရာများကို အများပြည်သူကြားတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် ပြည်သူလူထု၏ စဉ်စားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာကျေးရွာဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Pubkic Talk) ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။
မင်းဘူးမြို့တွင် အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားတင်ပြနိုင်ရေး အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီ (မကွေးတိုင်းဒေသကြီး) ၏ အနည်းဆုံးအခကြေးငွေ အဆိုပြု နှုန်းထားတင်ပြနိုင်ရေး အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများအား ထောက်ပံ့ကြေးငွေ ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ဟင်္သာတခရိုင် လူမှုဝန်ထမ်းရုံးမှ  ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ထွေ/အုပ်ရုံး အစည်းအဝေးရုံး၌ ကျင်းပခဲ့သည်။