မြိတ်မြို့ရေပုန်းရပ်ကွက်၌ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ အဏ္ဏဝါရပ်၌ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၈ နာရီအချိန်က မီးငြိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
မန္တလေးမြို့တွင် အပြည်ပြည်ဆိုင်ရာ လက်ဖက်စာတမ်းဖတ်ပွဲကျင်းပ
မန္တလေး တက္ကသိုလ်နှင့် မြန်မာနိုင်ငံ လက်ဖက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့ ပူးပေါင်းကျင်းပသော အပြည်ပြည်ဆိုင်ရာ လက်ဖက်စာတမ်းဖတ်ပွဲဖွင့်ပွဲကို မန္တလေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင် ခန်းမတွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီ က ကျင်းပပြုလုပ်
မကွေးတိုင်းဒေသကြီး အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ စက်မှုနှင့် အသက်မွေးပညာရွေ့လျား သင်တန်းဖွင့်ပွဲ တက်ရောက် 
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်း၊ အခြေခံအိမ်သုံး လျှပ်စစ်ဝါယာသွယ်တန်းခြင်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမားရေးရာ ဝန်ကြီးဦးမြင့်ဆွေ တက်ရောက်၍ သင်တန်း အဖွင့်အမှာစကား ပြောကြားသည်။
မန္တလေးမြို့တွင် တရားရုံးသတင်းအချက်အလက်ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ
မြန်မာနိုင်ငံမှ သတင်းသမားများအနေဖြင့် တရားရုံး သတင်းမီဒီယာလက်စွဲအပေါ် သိရှိနားလည်ပြီး တရားရုံးများတွင် သတင်းရယူမှု တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ တရားရုံးသတင်းအချက်အလက်ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့ရှိ ဆာကူယာဟိုတယ်တွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီ ခွဲ က ကျင်းပပြုလုပ်သည်။
အလောင်းတော်ကဿပစံကျောင်းတော်သို့ ဆင်အကောင်ရေ(၇၀) ကျော်ဖြင့် ဝန်ဆောင်ပေးလျက်ရှိ
ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းရှိ အလောင်းတော်ကဿပရုပ်ကလပ်တော်တည်ရှိရာ စံကျောင်းတော်နှင့် လွမ်းစေတီသို့ သွားရောက်ဖူးမြော်ကြမည့် ဘုရားဖူးဧည့်သည်များ သွားလာရေး အဆင်ပြေစေရန် ဆင်(၇၇)ကောင်ဖြင့် အသွား၊ အပြန် ပို့ဆောင်ပေးလျက်ရှိကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှ ဦးစီးအရာရှိ ဦးအောင်မောင်း၏ ပြောကြားချက်အရ သိရသည်။
အင်းစိန်မြို့နယ်၌ ခုံးကျော်တံတားလက်တံ တည်ဆောက်လျက်ရှိ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ အချက်အချာအကျဆုံး နေရာတစ်ခုဖြစ်သော မီးရထားခုံးကျော် တံတားကို အများပြည်သူများ အဆင်ပြေစေရေးနှင့် မော်တော်ယာဉ်များ ပိတ်ဆို့မဖြစ်ပေါ်စေဘဲ သွားလာရေး လွယ်ကူထိရောက်စေရန် ရည်ရွယ်၍ ဂုံးကျော်တံတားလက်တံ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်၌ စွမ်းအားမြှင့်မီးဖိုများ ကျေးရွာအရောက် အခမဲ့ဖြန့်ဖြူး
ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ကရင်ချောင်းကျေးရွာအုပ်စု ကရင်ချောင်းကျေးရွာတွင် စိုက်ပျိုး ရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်း၍ သစ်တောပြုန်းတီးမှု ကာကွယ်ရေး၊ ထင်းသုံးစွဲမှုလျှော့ချရေး၊ ကာဗွန်ထုတ်လုပ်မှုလျှော့ချရေး ရည်ရွယ်၍