တာချီလိတ်ခရိုင်အတွင်း လေထုညစ်ညမ်းမှု လျှော့ချရေးဌာန ပေါင်းစုံပါဝင်သော ပူးပေါင်းအဖွဲ့များက ကွင်းဆင်းအသိပညာပေး ဟောပြော
နှစ်စဉ်နွေဦးရာသီရောက်တိုင်း မီးခိုးငွေ့များဖုံးလွမ်းမှုကြောင့် မီးခိုးမြူများကြိုတင်ကာကွယ်ရေးနှင့် လေထုညစ်ညမ်းမှု လျှော့ချနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျေးရွာအုပ်စုများအတွင်း တောမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရန် ဌာနပေါင်းစုံပါဝင်သော ပူးပေါင်းအဖွဲ့များက အသိပညာပေးဟောပြောခြင်းကို တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၌ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီအချိန်က သွားရောက်ပြုလုပ်ခဲ့ကြသည်။
မလှိုင်မြို့ ကျောင်းစုဆည်အတွင်း စေတီပျက်ကြီးအား ပြုပြင်ရာမှ ထိုင်တော်မူ ဘုရားဆင်းတုတော်နှင့် ဌာပနာများ၊ ကျောက်မျက်ရတနာ၊ ဓာတ်တော်မွေတော်များတွေ့ရှိ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ကံကြီးအုပ်စု ကျောင်းစုကျေးရွာ ကျောင်းစုဆည်အတွင်း စေတီပျက်ကြီးအား .............
အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ ဥပဒေများအသိပညာပေး သင်တန်းဖွင့်လှစ်
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) မှ ကြီးမှူးကျင်းပသည့် အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ ဥပဒေများ အသိပညာပေးသင်တန်းကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ SKY STAR ဟိုတယ်၌ ဖွင့်လှစ်သည်။ 
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အခြေခံကျန်းမာရေးတက္ကသိုလ် ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေး ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ တက္ကသိုလ်ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မော်လမြိုင်မြို့ရှိ ကလေး၊ လူငယ်နှင့် အမျိုးသမီးများစောင့်ရှောက်ရေးဌာနများသို့ သွားရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုကာ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတဖြစ်စေရေး ဦးတည်သော အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၊ ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့(CDNH)တို့ပူးပေါင်းပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတ ဖြစ်စေရေး ဦးတည်သော အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ရန်ကုန်ရုံး၌ ကျင်းပသည်။