ဘုရားသုံးဆူရှိ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူမြတ်စွာဘုရားကြီးတည်ထားရာရင်ပြင်သို့ ရှေးဟောင်းမီးရထားများဖြင့် အတက်အဆင်းပြုလုပ်နိုင်ရန် စီစဉ်ထား
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ဘုရားသုံးဆူတောင်၌ တည်ထားသည့် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူမြတ်စွာဘုရားကြီး ရင်ပြင်တော်အတက်၊ အဆင်းတွင် ထူးဆန်းသည့် ရှေးဟောင်း မီးရထားပုံစံ ကားလေးများနှင့် ဘုရားဖူးဧည့်သည်တော်များ အဆင်ပြေချောမွေ့ရန် သယ်ယူပို့ဆောင်လျက်ရှိကြောင်း သိရသည်။




