ယခုနှစ် အလောင်းတော်ကဿပ ဘုရားဖူးရာသီတွင် ညအိပ်ဘုရားဖူးများထက် နေ့ချင်းပြန်ဘုရားဖူးသူ များပြားခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ရှိ အလောင်းတော်ကဿပ ရုပ်ကလပ်တော်တည်ရှိရာသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည် ဝင်ရောက်မှုသည် ညအိပ်ဘုရားဖူးများထက် နေ့ချင်းပြန် ဘုရားဖူးလာရောက်မှု ပိုမိုများပြားကြောင်း အလောင်းတော်ကဿပ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလင်း၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်မြစ်အတွင်း ပြုတ်ကျသူ အမျိုးသမီးအား ကယ်ဆယ်နိုင်ခဲ့သူ ချယ်ရီ(၁) ရေယာဉ်မှူးအား  ဂုဏ်ပြုချီးမြှင့်
ရန်ကုန်မြစ်အတွင်း ပြုတ်ကျသူ အမျိုးသမီးအား ကယ်ဆယ်နိုင်ခဲ့သူ ချယ်ရီ(၁) ရေယာဉ်မှူးအား  ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် သင်္ဘောဆိပ်အဝိုင်းရှိ မြို့နယ် သယ်ယူ ပို့ဆောင်ရေးနှင့် ပင်မမော်တော်ယာဉ် ကြီးကြပ်မှုအသင်း ဒလရုံးခွဲရှေ့၌ ပြုလုပ်ခဲ့သည်။
ပန်တိန်းကျေးရွာ၌ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာများ သန့်ရှင်း သာယာလှပရေးအတွက် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ပန်တိန်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းများသို့ စာရေးကိရိယာများလှူဒါန်း
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် နေပုညသင်္ဂဟ ပညာရေးထောက်ပံ့အသင်းမှ စာရေးကိရိယာများကို လစဉ်လှူဒါန်း ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့က (၈၃)ကြိမ်မြောက်အဖြစ် စာရေးကိရိယာများလှူဒါန်းပွဲကို ဘေးမဲ့ကျေးရွာ၊ ကံဘဲ့ကျေးရွာနှင့် ပေါက်တောကျေးရွာများရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ပေးအပ်လှူဒါန်းခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ပဲထောပတ်သီးနှံစိုက်ပျိုးတောင်သူများ အထွက်နှုန်းနည်းပြီး ဈေးကောင်းမရ၍ တွက်ခြေမကိုက်ဖြစ်နေ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ပဲထောပတ်သီးနှံ စိုက်ပျိုးတောင်သူများ သီးနှံစိုက်ပျိုးရာသီတွင် မိုးခေါင်ခဲ့မှုကြောင့် သီးနှံအထွက်နှုန်း ကျဆင်းသည့်အပြင် ယခင်နှစ်ထက် ဈေးနှုန်းကျဆင်းနေ၍ စီးပွားရေးတွက်ခြေမကိုက် ဖြစ်နေကြကြောင်း ညောင်ပင်စောက်ကျေးရွာမှ ပဲထောပတ်သီးနှံ စိုက်ပျိုးတောင်သူများထံမှ သိရသည်။
လမ်းလျှောက်သင်္ကြန်တွင် စင်ထိုးခြင်းများနှင့် ရေကစားမဏ္ဍပ်ကြီးများကို ပေ ၁၅၀ ထက်ကျော်၍ ဆောက်ခွင့်ပြုမည်မဟုတ်
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် မန္တလေးမြို့အနေဖြင့် ကျုံးတောင်ဘက်ခြမ်းရှိ လမ်းလျှောက်သင်္ကြန်တွင် စင်ထိုးခြင်းများနှင့် ကျုံးအနောက်ဘက်ခြမ်းရှိ ရေကစားမဏ္ဍပ်ကြီးများကို ပေ ၁၅၀ ထက်ပို၍ ဆောက်ခွင့်ပြုမည်မဟုတ်ကြောင်း မန္တလေးမြို့တော် စည်သာယာရေးကော်မတီမှ သိရသည်။
ရဲလှကျေးရွာ၌ သဘာဝမြေသြဇာပြုလုပ်နည်း ပညာပေးဆွေးနွေးပွဲပြုလုပ် 
သဘာဝမြေသြဇာပြုလုပ်နည်း စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဂန့်ဂေါမြို့နယ် ရဲလှကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။