ကလေးငယ်များကိုယ်တိုင် ရေးဆွဲထားသည့်ပန်းချီများကို ပြသသည့် Generation ARTWORK ပန်းချီပြပွဲကျင်းပ

ကလေးငယ်များကိုယ်တိုင်ရေးဆွဲထားသည့် ပန်းချီများကို ပြသသည့် Generation ARTWORK ပန်းချီပြပွဲကို ယနေ့ (ဖေဖော်ဝါရီ ၂၂) မှာ မန္တလေးတောင်ခြေရှိ Mandalay Hill Art Gallary တွင် ကျင်းပခဲ့သည်။ 
မိုင်းပန်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးသင်တန်းကျောင်း(ရှမ်းဘာသာ)၏ စတုတ္ထအကြိမ်မြောက် စာမေးပွဲကျင်းပ
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် မွေတော်ပရိယတ္တိစာသင်တိုက်တွင် ယနေ့ နံနက် ၉ နာရီအချိန်က ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း မြို့ပေါ်နှင့် ကျေးရွာအသီးသီးတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးခဲ့သော ဓမ္မစကူး(ရှမ်းဘာသာ) သင်တန်းကျောင်းများ ၏ စတုတ္ထအကြိမ်မြောက် စာမေးပွဲ ကျင်းပရာ ကျောင်းသား/သူ (၃၁ဝ)ဦး လာရောက်ဖြေကြားခဲ့ကြောင်း မွေတော်ပရိယတ္တိစာသင်တိုက်၏ တိုက်အုပ် ဆရာတော် ဦးကောဝိဒါစာရ ၏ မိန့်ကြားချက်အရ သိရသည်။
အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းမိတ်ဆက်ပွဲအခမ်းအနား ထားဝယ်မြို့၌ ကျင်းပ
AIA Myanmar ၏ အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းမိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ Golden Guest Hotel ၌ ကျင်းပသည်။
ညောင်ရွှေမြို့နယ် စာစစ်ဌာန (၁၂) ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ (၄၃၉၉)ဦး ဝင်ရောက်ဖြေဆိုမည်
၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ညောင်ရွှေမြို့နယ်၌ စာစစ်ဌာန  ၁၂ ခုမှ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၄၃၉၉ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Visit Nepal Year – 2020 အခမ်းအနားကျင်းပ
Visit Nepal Year – 2020 အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ရက်နေ့ နံနက် ၁၀နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ရတနာပုံ စူပါစင်တာ ၄လွှာရှိ MRCCI Hall တွင် ကျင်းပသည်။
မီးလောင်မှုဖြစ်စဉ်အများဆုံးနှင့် ဆုံးရှုံးမှုတန်ဖိုးအများဆုံးဖြစ်နိုင်သည့် ဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ယာဉ်ထိမ်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဈေးသူ/သားများနှင့် ဒေသခံပြည်သူများအား မီးလောင်မှုဖြစ်စဉ်အများဆုံးနှင့် ဆုံးရှုံးမှုတန်ဖိုးအများဆုံးဖြစ်နိုင်သည့် မြို့မဈေးကြီးနှင့် သီရိခေမာဈေးများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုနှင့် လက်တွေ့သရုပ်ပြမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် အဝေးပြေးယာဉ်ရပ်နားစခန်း ပန္နက်တင်ပွဲပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှောင်လမ်းဘေး၊ ဖောင်ရွာရပ်ကွက်အနီး ယခင်သုသာန်ဟောင်းမြေနေရာအား အဝေးပြေးယာဉ်ရပ်နားစခန်း ပြုလုပ်ရန်အတွက် ယနေ့နံနက်ပိုင်းက ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်တို့က အမှာစကားများပြောကြားခဲ့သည်။