စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်) တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ပဲခူးတိုင်းဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က ဌာနဆိုင်ရာများနှင့်အတူ စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။
ပဲခူးမြို့၌ e-Government အထောက်အကူပြု e-Office System အသုံးပြုနည်း သင်တန်းဖွင့်လှစ်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်း၌ ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ နံနက် 9 နာရီက e-Government အထောက်အကူပြု e-Office System အသုံးပြုနည်း သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။
ကျွန်းစုမြို့ သံသရာအေးမြို့ဦးစေတီ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ သံသရာအေး မြို့ဦးစေတီ၌ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
နွေရာသီကာလ သောက်သုံးရေရှားပါးပြတ်လပ်မှုတွေ့ကြုံပါက ဆက်သွယ်အကူအညီတောင်းခံနိုင်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊  ငဖဲနှင့် စေတုတ္တရာ မြို့နယ်တို့ရှိ ကျေးရွာ ၉၆၃ တွင် နွေရာသီကာလ သောက်သုံးရေရှားပါး ပြတ်လပ်မှုဖြစ်ပေါ်ပါက ခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ တာဝန်ရှိသူများထံသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်တွင် နွေရာသီရေရှားပါးပြတ်လပ်မှုမရှိရေး စက်ရေတွင်းတူးဖော်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နွေရာသီရေရှားပါးပြတ်လပ်မှု မရှိစေရန်အတွက် ပေတာကျေးရွာတွင် စက်ရေတွင်း (တွင်းနက်) တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ - ထိုင်း နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ မြိတ်မြို့၌ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်၊ ဗဟိုလမ်း၊ Grand Jade Hotel၊ ၄ လွှာ၊ အစည်အဝေးခန်းမ၌ မြန်မာ-ထိုင်း နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးတွေ့ဆုံ ဆွေးနွေးပွဲကျင်းပကို ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၃ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်၊ ဗဟိုလမ်း၊ Grand Jade Hotle၊ ၄ လွှာ၊ အစည်အဝေးခန်းမ၌ ကျင်းပခဲ့ကြသည်။
ငပလီမြို့ ပုလဲကျွန်းတွင် ဝေလငါးတစ်ကောင် ကမ်းတင်သေဆုံး