ဒီးမော့ဆိုမြို့မဈေးတွင် နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်လျက်ရှိ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ပန်ပက်ကျေးရွာ စသော အထင်ကရနေရာများတွင် နေ့စဉ်နှင့်အမျှ ပြည်တွင်းပြည်ပမှ ခရီးသွားပြည်သူများ လာရောက်လည်ပတ်လျက်ရှိသည့်အပြင် ပြည်နယ်အတွင်း ထင်ရှားလှသော ဒီးမော့ဆိုမြို့မဈေးသို့ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း သိရသည်။
ဒီးမော့ဆိုတွင် ငွေတောင်ဆည် အပါအဝင် ဆည်ကန်(၈) ခုနှင့် လျှပ်စစ်ရေတင်စနစ် တစ်ခု တို့မှ ပေးဝေသော ရေဖြင့် နွေစပါး ၃၁၀၄ ဧက စိုက်ပျိုးရန် လျာထား
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ် နွေစပါးချိန် ဆည်ကန်များမှ ပေးဝေသောရေဖြင့် နွေစပါး ၃၁၀၄ ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးကိုယ်ကာယလေ့ကျင့်ခန်းများ ပူးပေါင်းဆောင်ရွက်
မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် ချင်းပြည်နယ် အားကစားနှင့်ကာယပညာဉီးစီးဌာနတို့ ပူးပေါင်း ကျင်းပသည့် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးကိုယ်ကာယလေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက ဟားခါးမြို့ ဝမ္မသူးမောင်အားကစားကွင်း၌ ကျင်းပသည်။
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပရိဘောဂပြုလုပ်နည်း သင်တန်းဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၌ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုရန် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဖွင့်လှစ်သည့် ပရိဘောဂပြုလုပ်နည်းသင်တန်းကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန စုပေါင်းရုံးခန်းမတွင် ဖွင့်လှစ်သည်။
ဗထူး-ရပ်စောက် စုပေါင်းထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့တွင်ဗထူးတပ်နယ်နှင့် ရပ်စောက်မြို့တို့ ပူးပေါင်းပြီး မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ  ၂၁ ရက် မွန်းလွဲ ၃ နာရီက ဗထူးတပ်မြို့ မင်းသုံးပါးပြည်သူ့အပန်းဖြေရင်ပြင်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ပြောင်းဖူးဈေးနှုန်းများ ကောင်းမွန်သည့်အတွက် စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် ဖူးစားပြောင်းကို နွေ ၊ မိုး ၊ ဆောင်း သုံးရာသီ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကာ ယခုနှစ်တွင် ပြောင်းဖူးဈေးနှုန်းများ ယခင်နှစ်ကထက် ဈေးပိုရောင်းရသဖြင့် ဖူးစားပြောင်းစိုက်ပျိုးတောင်သူများ စီးပွားရေးတွက်ခြေကိုက်၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု၊ ညောင်ပင်ဝိုင်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။ 
မွေးရာပါနှလုံးရောဂါဖြင့် ဆေးဝါးကုသနေသည့် ကလေးငယ်အား အလှူငွေထောက်ပံ့လှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါနှလုံးရောဂါကြောင့် တက်ရောက်ဆေးကုသမှု ခံယူနေသည့် ကလေးငယ်အတွက် ဆေးကုသမှုစရိတ် ထောက်ပံ့လှူဒါန်းခြင်းကို ဖေဖော်ဝါရီ ၂၁ ရက် ၊ ညနေ ၅ နာရီက ညောင်ဦးမြို့ ၊ မြတ်ပါရမီပရဟိတလူမှုကူညီရေးအသင်းက  အလှူငွေများ သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။