ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့သစ်လုပ်ငန်း၊ လေ့ကျင့်ရေးသင်တန်းကျောင်း၊ ဆင်ဆေးရုံနှင့် ဖိုးကျားဆင်စခန်း ကြည့်ရှုစစ်ဆေး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး /ခရိုင်/မြို့နယ် တာဝန်ခံများ နှင့်အတူ မြန်မာ့သစ်လုပ်ငန်း၊ လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ်(၁)၊ နန်ချွန်၊ အုတ်တွင်း မြို့နယ်ရှိ ဆင်ဆေးရုံနှင့် ရေတာရှည်မြို့နယ်ရှိ ဖိုးကျားဆင်စခန်းတို့အား ကြည့်ရှုစစ်ဆေးသည်။






