ထားဝယ်မြို့၊ သီတဂူအာရောဂျဒါန ဆေးရုံတော်တွင် (၁၇)ကြိမ်မြောက် အထွေအထွေရောဂါများ အခမဲ့ စမ်းသပ်ခွဲစိတ် ကုသပေးမည်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သီတဂူအာရောဂျဒါန ဆေးရုံတော်တွင် (၁၇) ကြိမ်မြောက် ကျန်းမာရေး အလှူတော်ကို သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့် စစ်ကိုင်းသီတဂူ ဇီဝိတဒါန ဆေးရုံအုပ်ကြီး ၊ ဒေါက်တာ ခင်မောင်ဇော်၊ ခွဲစိတ်အထူးကုသမားတော်ကြီး ဒေါက်တာမြသိန်းဟန် အဖွဲ့နှင့် အမေရိကန်နိုင်ငံမှ Aloha Medical Mission အဖွဲ့မှ Dr.Carl Lum ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဦးဆောင်သော(၁၇)ဦးအဖွဲ့၊ ထားဝယ်မြို့၊ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ၊ အထူးကုဆရာဝန်တို့ ပူးပေါင်း၍ အထွေထွေရောဂါ ဝေဒနာရှင်များအား အခမဲ့စမ်းသပ် ခွဲစိတ်ကာ ဇီဝိတဒါနလှူဒါန်းမည်ဖြစ်ကြောင်း သိရှိရ






