ခင်ဦးမြို့လမ်းဆုံ၌ ကတ္တရာလမ်းတိုးချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့၌ ရေဦး-ခင်ဦးကားလမ်း၊ ခင်ဦး-သင်ပေါင်းကားလမ်းနှင့် ဘူတာရုံလမ်း လမ်းဆုံနေရာတွင် ကတ္တရာလမ်းတိုးချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မြို့နယ်လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။





