ပခုက္ကူမြို့နယ်၊ ကျွန်းကလေးကျေးရွာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းသို့ နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိ

ပခုက္ကူမြို့နယ်၊ ကျွန်းကလေးကျေးရွာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းသို့ နိုင်ငံခြားခရီးသွား ဧည့်သည်များ ဖေဖော်ဝါရီ ၁၇ ရက်နေ့က လာရောက်လည်ပတ်ခဲ့ကြ
ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများထံသို့ စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေ
ကျေးလက်ဒေသများတွင် ထင်းသုံးစွဲမှုလျှော့ချရေး၊ သစ်တောပြုန်းတီးမှုများ ကာကွယ်နိုင်ရေးနှင့် ကာဗွန်ထုတ်လုပ်မှု လျှော့ချရေးတို့အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၂၂)အုပ်စုရှိ ကျေးရွာခွဲပေါင်း (၈၅)ရွာတွင် နေထိုင်ကြသည့် အိမ်ထောင်စု (၄၅ဝဝ)တို့အား တစ်အိမ်ထောင်လျှင် စွမ်းအားမြှင့်မီးဖိုတစ်လုံးစီနှုန်းကို ဖေဖော်ဝါရီလပထမအပတ်မှ စတင်၍ ပထမ အသုတ်အနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက(အခမဲ့) ဖြန့်ဝေပေးလျက်ရှိကြောင်း သိရ
ဂျာမနီနိုင်ငံ Project Burma e.v မှ ဆောက်လုပ်လှူဒါန်းသော(၁၆)ခုတင်ဆံ့ မကျီးဇင် တိုက်နယ် ဆေးရုံအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာအုပ်စု မကျီးဇင်ကျေးရွာတွင် ဂျာမနီနိုင်ငံ Project Burma e.v မှ ဆောက်လုပ်လှူ ဒါန်းသော(၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက ကျင်းပခဲ့
ကျောက်ဆည်မြို့တွင် စာရေးဆရာဖေမြင့်၏ အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း စာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့ နံနက်(၉)နာရီက စာရေးဆရာများနှင့် စာပေ ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင် (အ.ထ.က-၃) ကျောင်းသား/ ကျောင်းသူများ တွေ့ဆုံပြီး စာပေဝါသနာရှင်များ တစ်ဦးနှင့်တစ်ဦး ပိုမိုချစ်ခင်ရင်းနှီးလာစေရန်နှင့် အတွေးအခေါ်များ ပိုမိုရင့်သန်လာစေရန် ရည်ရွယ်ပြီး စာရေးဆရာဖေမြင့်၏အခန်း(၁၄)ခန်းပါ “အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း” စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့
စစ်ကိုင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ ပန်းအလှဆင်နှင့်မုန့်ဖုတ်နည်း(အခမဲ့)သင်တန်းဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်လူငယ်ရေးရာကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည့် ပန်းအလှဆင်နှင့် မုန့်ဖုတ်နည်း (အခမဲ့) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့
မြန်မာ - ထိုင်း နှစ်နိုင်ငံရေတပ် ချစ်ကြည်ရေးအထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲ ကျွန်းစု၌ ကျင်းပ
မြန်မာ့တပ်မတော်(ရေ)နှင့် ထိုင်း ဘုရင့်ရေတပ် နှစ်နိုင်ငံရေတပ် ချစ်ကြည်ရေး ဘော်ဘီဘောပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ အားကစားခန်းမ/ကွင်း၌ ကျင်းပခဲ့ရာ ကျွန်းစုမြို့၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း (ရေး/ထောက်) ဒုတိယဗိုလ်မှူးကြီး ကိုကိုလတ်၊ ထိုင်းဘုရင့်ရေတပ်မှ အဖွဲ့ခေါင်းဆောင် စီရီပွန်နှင့် အရာရှိ၊ စစ်သည်များ၊ အားကစားသမားများ၊ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ စစ်သည်များ၊ မိသားစုဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရ
မော်တော်ယာဉ်၊  မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည်